Chapter. 3 (Z)

949 154 22
                                    

ကိုယ်တို့စကားပြောဖို့အချိန်တွေအများကြီးရှိပါသေးတယ် ဆိုတာ စောက်ပိုတွေ ပြောခဲ့တာပင်။

ထိုနေ့ညက စီးကရက်တလိပ်မကုန်ခင်လေးမှာပင် ဖုန်းလာ၍ ထသွားခဲ့သည့်သူက Sehun ကို ပြန်တော့မည်ဟုပင်မပြောသွားခဲ့။

အနီးအနားဖုန်းသွားပြောသည်ထင်မှတ်ပြီးမပျော့ မပြင်းအရက်တခွက်နှင့်စီးကရက်တို့ကုန်အောင်သောက်ပြီးတော်တော်ကြာကာလို့ စားပွဲစီ ထိုသူ ပြန်မရောက်လာတော့မှ Sehun မှာ ထိုသူ လစ်ထွက်သွားမှန်းသိပြီး ဒေါသထွက် စိတ်တိုလိုက်ရသည်။

ကလပ်ကိုထပ်သွားလျှင် တွေ့နိုင်မည်ဆိုတာသိပါ
သော်လည်း Sehun မသွားပါ။ သေမည်ဆိုလျှင်‌
တောင်မသွားပါ။

တွေ့ချင်၍ ငမ်းငမ်းတက်ဖြစ်နေမည့်သူထဲ Sehun မပါ။ စိတ်ထဲမတင်မကျဖြစ်သဖြင့် ကိုယ့်ခြေထောက်နှင့်ကိုယ် တခေါက်သွားခဲ့ပြီးပေမဲ့ဒုတိယအကြိမ်ဆိုတာလုံးဝမရှိစေရ။

ထို့အတွက်ကြောင့် Sehun အရင်ပုံစံ နေမြဲအတိုင်း နေကာ အေးအေးလူလူပင် ပျော်ရွှင်နေ
လိုက်သည်။

နေလိုက်သည်ဟု သူ ထင်ခဲ့သည်။ သို့သော်

"ကျစ် .... သွားတော့"

"ဘာ..!"

"သွားတော့လို့ပြောနေတယ်"

ပေါင်ပေါ်တက်ထိုင်နေသည့် ကောင်မလေးကို
လက်ကောက်ဝတ်ကနေချုပ်ကိုင်ဆွဲမပြီး ဝေးဝေးသို့ တွန်းလွှတ်လိုက်သည်။

ထုံးစံအတိုင်းကျောင်းခေါင်မိုးထပ်မှာရောက်နေသည့် သူတို့အုပ်စုက ဒီနေ့မှာတော့ စီးကရက်များအပြင်
မိန်းကလေးများပါ ပါနေခြင်းဖြစ်ပါသည်။

"ဟေ့ ဟေ့"

"မသွားနဲ့လေ ..."

Sehun ဆွဲခွာပစ်လိုက်သည့်တယောက်မှ စိတ်ဆိုး
မာန်ဆိုးဖြင့် ထွက်သွားသည့်နောက် သူနှင့်အတူပါလာ
သည့် ကောင်မလေးများသည်လည်း သူငယ်ချင်းနောက် လိုက်သွားကြတော့သည်။

"ဟေ့ကောင် ဘာလဲကွာ ။ မင်းး"

"Su Youn တို့ကိုဒီခေါ်ဖို့ဘယ်လောက်ခက်လိုက်
သလဲ ?"

စီးကရက်တလိပ်ကိုဖွာလျက် အငွေ့တော်တော်
များများရှိုက်သွင်းပစ်လိုက်ပြီး Sehun အပြစ်
တင်စကားများကိုတခွန်းမှနားမထောင်ပဲ မျက်နှာ
ထားတည်တည်ဖြင့်သာငြိမ်နေလိုက်သည်။

why we shouldn't Donde viven las historias. Descúbrelo ahora