ကုတင်ပေါ်မှာ ငူငိုင်စွာထိုင်နေရင်းဖြင့် Luhan သည် မနီးမဝေးတိုင်၌ ချိတ်ထားသည့် အနောက်
တိုင်း ဝတ်စုံကို လှမ်းကြည့်သည်။ထိုဝတ်စုံသည်လည်း သူ့ကို ထွက်ပြေးလို့မရ အောင် တင်းကျပ်စွာ ချုပ်နှောင်ထားသည့်
မမြင်ရသည့် သံမဏိကြိုးတစ်ခုလိုပင်ဖြစ်သည်။အဓိပ္ပာယ်မဲ့စွာ ငေးငိုင်နေရင်းမှ တုန်ခါမြည်လာ
သည့် ဖုန်းသံကြောင့် Luhan အသိပြန်ဝင်လာ
လျက် စိတ်ပျက်စွာပင် တချက်ရယ်မောလိုက်ပါ
ပြီး ထိုင်နေရာမှထလို့ ထိုဝတ်စုံဆီလျှောက်သွား
လိုက်တော့သည်။သူ့ဘ၀သည် ငြင်းဆန်၍ မရနိုင်ပါသေးချေ။
ရှင်းလင်းဖြောင့်ဖြူးနေသည့်လမ်းမပေါ် တရိပ်
ရိပ်ပြေးနေသော နောက်ဆုံးပေါ်ဇိမ်ခံကားထဲ
Luhan ရောက်နေချိန်သည် ညရှစ်နာရီ လေးဆယ့်ငါးမိနစ်တိတိရှိပြီဖြစ်သည်။လမ်းမီးတိုင်များထိန်လင်းနေသည့်လမ်းမဘေး
ကိုသာ Luhan အကြည့်လွှဲရင်းလာခဲ့သည်။လေအေးပေးစက်ကြောင့်အေးစက်နေသည့်
ကားတွင်းလေထုထဲ စိမ့်လွှင့်လာပါသော ဆေး လိပ်အနံ့ကြောင့် Luhan ခေါင်းတွေ မူးဝေ
အော့အန်ချင်လာမိသည်။"Luhan..."
"အရင်တခေါက်က နောက်ဆုံးလို့ပြောခဲ့တာ ကျွန်တော်မှတ်မိသေးတယ်"
"ဒီလောကမှာ နောက်ဆုံးဆိုတာ မရှိဘူးလေကွာ"
"ကျွန်တော့်အတွက်နောက်ဆုံးလို့ပြောတာပါ။
ခင်ဗျားအနေနဲ့ဆို အစားထိုးရှာဖို့က သိပ်မခက်
လောက်ပါဘူး"စကားသံတို့ တဖန်တိတ်ဆိတ်သွားရပြန်သည်။
အလယ်လက်တန်းမှာနေရာချထားသည့် ဆေးလိပ်ပြာခွက်ထဲသို့ ပြာများ ချွေချထည့်
လိုက်သည်ကအစ ကြားနေရအောင် Luhan နား
တွေယဉ်ပါးနိုးကြားလွန်းလှသည်။မြို့လယ်ခေါင်မှာရှိသည့် အဆင့်မြင့်ဟိုတယ်တခု
ရှေ့သို့ မြန်ဆန်စွာရောက်ရှိသွားသည့်အခါ Luhan ပါလာသည့်ကားသည် ဟိုတယ် ဝင် ပေါက်ထိ မသွားသေးပဲ ဂိတ်နားမှာပင် ရပ်တန့်သွားပါသည်။