အအေးပေးခန်းထဲတွင် အမြင်မတော်ဖွယ် နေရာတကျမရှိ
ကန့်လန့်ဖြတ်ထားထားသည့် သံကုတင် နှင့် ၎င်း သံကုတင် ပေါ်တွင် အသက်ရှူနေသည်ဆိုရုံအနေအထားလဲလျောင်းကာ သတိလစ်မေ့မျောနေသည့် လူတစ်ဦး တို့တွင် မည်သည့်
အရာက ပို၍ သာလွန် အေးစက်နေမည်မှန်း မသိ။သေချာသည်တခုကတော့ ခွဲစိတ်ခန်းသုံးလက်အိတ်
ဝတ်ဆင် ထားလျက်မှပင် ခွဲစိတ်ဓားချွန်ကိုင်ဆောင်
ထားသည့် Luhan ၏ လက်တို့မှာ ပိုမို ခိုက်တုန်လို့
နေခဲ့ခြင်းဖြစ်သည်။ထိုလက်များဖြင့် သူသည် မေ့မျောနေသည့် လူနာအပေါ် အုပ်လွှမ်းထားသည့် အဝတ်ဖြူစအား ဖယ်ရှားခဲ့လိုက်သည်။
အာရုံထဲတိုးဝင်လာသည့် ထိုပုံသဏ္ဍန်နှင့်အပြိုင် Luhan
သည် ပူနွေးလွန်းနေသည့် Sehun ကိုယ်အား အပြည့်အဝ
ထိကိုင်ထွေးဖက်ထားချင်သည့်စိတ်ဖြင့် တထပ်ထဲကျန်
သော င်္အကျီကို ဆွဲချွတ်ပစ်လိုက်လေသည်။ထုံးစံအတိုင်း ပေါ့ပျက်စွာ တညလောက်အိပ်လိုက်ကြဖို့
တောင်းဆိုလိုက်ပြန်သည့် Luhan စကားအား ဒီတခေါက်
မှာတော့ဖြင့် Sehun မည်သို့မျှ တုံ့ပြန်ပြောဆိုနေခြင်းမရှိ
တော့ပဲ Luhan နှုတ်ခမ်းများကိုသာ စူးနစ်စွာ ထိကပ်နေ
တော့သည်။စိတ်ခံစားချက်များ၊ နောက်ဆက်တွဲ ဖြစ်လာမည်များ၊
ယခုအချိန်တွင် သူတို့နှစ်ဦးခေါင်းထဲ၌ ရှိနေမည်မဟုတ်။ အထိအတွေ့ နှင့် သာယာနစ်ဝင်မှု၊ နှစ်ကိုယ်စာလုံလောက်
သည့် ကုတင် ထက် ရစ်ပတ်လာသည့် ကိုယ်တို့သည်
ခြုံစောင်လွှာ ကာရံထားခြင်းပင်မရှိ၊လက်တွေ့ဖြစ်အင်နှင့် ဆန့်ကျင်စွာ Luhan သည် ၎င်း
အာရုံထဲတွင် သူ၏ ဓားချက်အောက်တွင် ရှိသည့် သတိလစ် လူနာအား အချိန်အကြာကြီးစိုက် ကြည့်နေခဲ့သည်။နှလုံးခုန်သံ တချက်ပြီးတချက် ပြပေးနေသည့် မော်နီတာစက်တလုံးမှလွဲပြီး သူ့အနီးအနားတွင် တခြား သက်ရှိ
သက်မဲ့ဘယ်အရာမှမရှိခဲ့။" ဒီပစ္စည်းက ဈေးကြီးတယ်နော် သတိထားကိုင်တွယ်
အမှားယွင်းမရှိစေနဲ့ အပါးသားကို အပါးယုံတယ်နော်။"