Ho Dol အချိန်ပိုင်းလုပ်သည့်နေရာမှနေ Luhan က ဆေးရုံဂျူတီပြန်ဝင်ရဦးမည်ဆိုကာ အလျင်ထွက်သွားခဲ့တာဖြစ်သည်။ အပြုံးချိုချိုနှင့်စကားတွေဖောင်ဖွဲ့နှုတ်ဆက်သွားခဲ့ပေမဲ့လဲ Sehun ပြန်
မတုံ့ပြန်ပဲ ပေါင်မုန့်သာအေးဆေးစားကျန်နေရစ်
ခဲ့သည်။Luhan က ကောင်တာသို့သွားလျက် Ho Dol ကို
အရင်နှုတ်ဆက်သည်။ ပြီးမှဝင်ပေါက်သို့ထွက်
လာခိုက် Sehun ဘက်ကိုကြည့်လာသဖြင့် အမြန်
အဆန်မျက်နှာလွှဲပစ်လိုက်သေးသည်။လေတိုးသံညင်းညင်းဖြင့်ရယ်သံသွဲ့သွဲ့ကိုကြား လိုက်သည်။ ဆိုင်အပြင်ဘက် Sehun မျက်စိရှေ့
တည့်တည့်မှာပင် ရပ်ထားသည့်ကားပေါ်တက်
မောင်းသွားသည့်နောက် မျက်မှောင်ကျုံ့သွားသည်။"ဟိုတခါပြောတော့ ကားမမောင်းတတ်ဘူးဆို
ကျစ်....သောက်ဂွပဲ Oh Sehun မင်းက တုံးကိုတုံးတယ်"ဇဝေဇဝါဖြစ်ခိုက် Ho Dolကိုပင်လာကြိုဖူးသည်
ကိုသတိရမှ Sehun ကိုယ့်ဘာသာဆဲရေးလိုက်ချေသည်။ အဆိုပါလူနှင့်ပတ်သက်လျှင် Sehun ၏ကောင်းလှပါသည်ဆိုသော ဉာဏ်ရည်များမှာ
အလုပ်မလုပ်တော့ဘူးထင်ပါသည်။အရသာပျက်သွားသည့် ပေါင်မုန့်ကိုအောက်ချပြီး
ဆိုင်ကယ်သော့ကိုကောက်ဆွဲလို့ Sehun ထလိုက်သည်။ ကောင်တာမှ Ho Dolသည် အယောင်
ယောင်အမှားမှားခေါင်းငုံ့ချလိုက်သည်ကို မျက်ထောင့်နီဖြင့်ကြည့်ပြီး"ငါ သွားပြီ"
"အော..အေးအေး ဂရုစိုက်သွားနော်"
"မင်းစောက်ပူမပါပါဘူး"
ပါးစပ်ကလေးအော်တိုပိတ်ပြီး နေရာတွင် အ တောင့်သားဖြစ်သွားပြန်သည်။ ဆက်နေနေလျှင်
ငိုတော့မည်ကိုအတပ်သိနေသည့် Sehun က ဆိုင်
ထဲမှ မြန်မြန်ဆန်ဆန်သာထွက်ခဲ့တော့သည်။စထွက်သည်ထဲက အရှိန်ဖြင့်ဆိုင်ကယ်မောင်း
ထွက်သွားရာနေရာသည် ကလပ်တခုခုသို့မဟုတ်
ခဲ့။ စိတ်ဝင်စားစရာကောင်းသည်လည်းမရှိတော့
သဖြင့် အိမ်သို့သာပြန်လာလိုက်သည်။ခြံဝန်းမှနေ အိမ်မကြီးဆီသို့ရောက်သည်ထိရှည်
လျားသော လမ်းမကြီးကိုဖြတ်လာပြီးသည့် နောက် လင်းထိန်လျက် တိတ်ဆိတ်နေသည့်အိမ်
ကြီးရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ်ခဲ့လိုက်ပါသည်။