Chapter. 18(U)

587 84 24
                                    


Luhan ဆေးရုံမှ ဂျူတီပြီး၍ အိမ်သို့ပြန်မည့်အချိန်သည် ညနေစောင်းလုဆဲဖြစ်သည်။ အရင်တခေါက် ဖြစ်ပျက်ခဲ့ပြီးသည့် တရားစွဲဆိုမှုကြောင့် Luhan အလုပ်ပြန်ဝင်ရသည်မှန်ပါသော်လည်း ဂျူတီချိန်များ ကန့်သတ်လျှော့ချခံလိုက်ရသည်။

ကောင်းပါသည်လား ? ဆိုးပါသည်လားတော့မသိ။ ဌာနတူလုပ်ဖော်ကိုင်ဖက်များကတော့ဖြင့် စောစီးစွာ အလုပ်ဆင်းရသည့် Luhan ကို အားကျစွာ ကြည့်နေကြပါသည်။

တာဝန်ယူထားရသည့်လူနာများ အရေးပေါ်အခြေအနေဆိုလျှင် သူ့အား ချက်ချင်း ဖုန်းဆက်
အကြောင်းကြားပေးရန် သူနာပြုဆရာမများဆီ
မှာကြားပြီးနောက် Luhan လွယ်အိတ်အားပခုံး တဖက်တင်လွယ်လျက် ဆေးရုံထဲမှထွက်ခဲ့တော့သည်။

လူနာအသွားအလာများသည့် အရေးပေါ်ဝင်ပေါက်ကို ရှောင်ရှားရင်း အနောက်ဖက်တံခါးကနေထွက်လို့ ကားငှားဖို့ရာပြင်သည်။ အစ်ကို Won Suk အိမ်ပဲသွားရမလားတွေးမိပေမဲ့ ထိုစိတ်ကူးကို ဖယ်ချလိုက်ပြန်ပါသည်။ ကြင်စဦး
အတွဲအား ခဏခဏနှောင့်ယှက်လို့မကောင်းပါလေ။ မဟုတ်ဘူး....။ကြင်စဦးအတွဲ၏ ညတိုင်းနီးပါး သူ့ကို အသံဖြင့် နှောင့်ယှက်နေမှုများအား မခံနိုင်ပါတော့လေ။

မည်သို့ဦးတည်ရမှန်းမသိပါသော ‌ခြေလှမ်းများဖြင့် Luhan ခေါင်းငုံ့လျှောက်လာရင်း ဆေးရုံဝင်းအပြင်ဖက် အတော်အတန်လှမ်းသည့်နေရာသို့ရောက်လာသည်။

တိတ်ဆိတ်လွန်းသည့် ဘေးပတ်ဝန်းကျင်ကြောင့် Luhan စိတ်ကသိကအောင့်ဖြစ်စွာတချက်ခေါင်း
အမော့တွင် မျက်နှာချင်းဆိုင်မှာရှိနေသည့် လမ်း ဆုံအကွေ့၌ ရပ်ထားသော ကားတစီးကြောင့် သူ့ရင်မှာထိတ်ကနဲ။

နောက်လှည့်၍ မမှီတော့သည့် အခြေအနေတစ်ခု
တွင် သူကိုယ်၌ အားတင်းလျက် မတ်မတ်ရပ်နေ
ဖို့သာ တတ်နိုင်တော့သည်။

ထိုအခိုက် လူတစ်ယောက်သည် ကားပေါ်မှဆင်းလာလျက် သူ့ဆီတည့်တည့်မတ်မတ်လျှောက်လာ
ကာ မျက်စိရှေ့သို့အရောက်တွင် ခေါင်းညွှတ်အရို
အသေပေးလို့နှုတ်ဆက်လာသည်။

"ဆရာ့ကိုခေါ်ခိုင်းလိုက်ပါတယ် ကားပေါ်တက်ပါ"

အေးစက်တည်ငြိမ်နေသည့်ထိုစကားသံနောက် တွင် အတင်းအကျပ်နိုင့်ထက်စီးနင်းအပြုအမူ
များရှိနေသည်ကို Luhan ဒီနှစ်‌ပိုင်းအတွင်း နားလည်သဘောပေါက်ပြီးသားဖြစ်သည်။

why we shouldn't Where stories live. Discover now