Part-8

50 2 0
                                    

𝐀𝐛𝐨𝐮𝐭 𝐨𝐟 𝐥𝐨𝐯𝐞>>>>>

ခုနောက်ပိုင်း မိုးလွန်း ခယောင်းနဲ့အတူ နှစ်ယောက်တည်း အမြဲတမ်း ကျောင်းသို့ လာရသည်ကများသည်။ နှင်းမြူတွေနဲ့ အေးစက်နေတဲ့ မန္တလေးရဲ့ မနက်ခင်းတိုင်း ပြည့်စုံနေသလိုပါပဲ။ အအေးဓာတ်ပိုတဲ့ မန္တလေး အထီးကျန် မနေပါဘူး။ သိပ်အံဩဖို့ကောင်းတယ်။ ကျောင်းရောက်ရင်တော့ သူငယ်ချင်းတွေစောင့်နေတဲ့ ကန်တင်းကိုသွားရမည် ။ ပြီးမှအတန်းတက်ရမှာဖြစ်သည်။

"ခယောင်း...ဘာလို့ ဆိုင်ကယ်မစီးခိုင်းတာလဲ
နင့်ကို accident ဖြစ်ဖူးလို့လား..."

"Accident ကတော့ဖြစ်ဖူးတယ်။ ဖြစ်ဖူးတယ် ဆိုပေမယ့် လည်း ကြီးကြီးမားမား မဟုတ်ပါဘူးဟာ ။ဒီအတိုင်း အဘွားက စိတ်ပူလို့ ။"

ခယောင်း ထင်တယ် အကုန်ပြောဖို့မလိုဘူးလို့
နုံအတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ခဲ့တာကို ဘယ်သူ့ကိုမှ မသိစေချင်တော့ဘူး

"ခယောင်း..."

"ဟင်."

မိုးလွန်းက ခယောင်းကို ငေးကြည့်နေခဲ့တယ်
ဒီမျက်ဝန်း ခယောင်း ကြောက်ရတဲ့ မျက်ဝန်းတွေနဲ့ ဟင့်အင်း ကျွန်မတော့ မကျရှုံးချင်တော့ဘူး

"ချစ်ခဲ့ဖူးတယ်မလား "

ဒီစကားကြောင့် သူမနှုတ်ခမ်းတစ်စုံ ပွင့်ဟသွားခဲ့တယ် သူမတောင်မသိလိုက်ပဲ သူမက မာကြောချင်ယောင်ဆောင်နေတဲ့ ကြောင်ပေါက်လေးလိုပဲ ဒါဆို သူအမှတ်မထင်ကြားလိုက်ရတဲ့ စကားကအမှန်ပဲပေါ့ သူမက အချစ်ကြောင့် ဒဏ်ရာရနေခဲ့တာပဲ

"ဘာကိုဆိုလိုတာလည်း "

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး... "

သူမမေ့ထားခဲ့တဲ့အရာကို ပြန်အစမဖော်ချင်တော့ဘူး..

"ခယောင်းငယ်..ခယောင်းငယ် ...
ဒီနာမည်ကို ဘယ်သူပေးခဲ့တာလဲ.. နူးနူးညံ့ညံ့ နာမည် တစ်ခုလို့ မခံစားရဘူး  "

နာမည် ကိုရေရွတ်နေရင်း မေးလိုက် တဲ့စကား ဟုတ်သား သူမတောင်မစဥ်းစားမိခဲ့ဘူး သူ့နာမည်က နူးညံ့မနေတာကို

"ဘယ်လိုတောင်စဥ်းစားမိတာလဲ ငါတောင်တစ်ခါမှမတွေးမိဘူး.."

About Of LoveWhere stories live. Discover now