About of love >>>>>
"အော်...အော်....သူရဲကောင်းမက အတန်းမတက်ပဲ ဒီမှာ သာယာနေတာပေါ့...."
"ဘယ်လိုရောက်လာတာလဲ...."
မျက်ခုံးတန်းနှစ်ခု တွန့်ချိုး၍ ကျွန်မဆိုမိတော့ မျက်စိရှေ့က အမျိုးသားက ခပ်ဟဟရယ်တယ်....."ဘယ်လိုရောက်လာရမှာလည်း....ဒီအတိုင်း ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်လာတာ...ဟား..ဟား...."
"အူမြူးနေတယ် ဟုတ်လား....."
ဟော...ပုခုံးနှစ်ဖက်ကို အပေါ်သို့ အသာတွန့်၍ ဘာမထီဟန်ဖြင့် စနောက်သေးသည် ။ ဘာတဲ့....."လန့်မသွားနဲ့နော်....တကယ်တော့ ငါကပါဝါရိန်းဂျားအနီကောင်ပါ...ငါ့မှာ အစွမ်းတွေရှိတယ်တဲ့...."
လက်တစ်ဖက်ကို လက်သီးဆုပ် အပေါ်မြှောက်၍ သုံးနှစ်သား ကလေးပေါက်စလို ပြုမူနေသေးသည် ။"အစွမ်းတွေနဲ့ ရှာလိုက်တာဆိုပါတော့.... "
"ဟဲ ဟဲ မဟုတ်ဘူး.....ရွှေရည် (ကော်ရစ်တာမှာတွေ့တဲ့သူငယ်ချင်း) နဲ့တွေ့လို့ ပြောပြသွားတာ..."
"ပါဝါရိန်းဂျားက စွမ်းလည်းမစွမ်းဘူးပဲ...အင်ကြီးပါကွာ.."
ကျွန်မက နှုတ်ခေါင်းရှုံ့၍ ပြန်စနောက်မိတော့"အစွမ်းတွေက ဖွက်ထားတာ နောက်တော့မှ ထုတ်သုံးမှာ...နောက်တော့မှ စာမကျက်ပဲ စာမေးပွဲအောင်ချင်လို့ ငါ့အစွမ်းလာမတောင်းနဲ့နော်... "
"ဖြစ်ရချည်သေး...."
ခယောင်းကပြန်လည် ချေပပြောပြီး ဘေးဘက်ဝေ့ကြည့်မိတော့ ကောင်မလေး တစ်ဖွဲ့ ခယောင်းတို့ရဲ့ မနီးမဝေးမှာ သိသိသာသာကို ခယောင်းတို့ကို အကဲခတ်နေကြသည် ထင်သည် ။ အရင်ကဆို ခယောင်းတို့ နှစ်ယောက်ထဲ ရှိချိန်ဆို ဒီတိုင်း ဖြတ်သွားဖြတ်လာကြည့်ကြတာတော့ ရှိပေမယ့် အခုက မတူတော့ပေ ။ မိုးလွန်းနောင် က မနေ့ကပဲ နေ့ချင်းညချင်း နာမည်ကြီးသွားသည် မဟုတ်ပါလား ။ ရှေ့လျှောက်တော့ ခက်ရချည်သေးရဲ့......"ခယောင်း....."
"အာရုံစိုက်ခံရတာကို မကြိုက်ဘူးမဟုတ်လား..... "
ကောင်မလေးတစ်စုကို မိုးလွန်းလည်း မြင်တယ်ထင်သည် ။ ကောင်မလေးတွေက နှစ်ယောက်လုံးကို ကြည့်တာပေမယ့် သိသိသာသာကိုတော့ မိုးလွန်းကို ကြည့်နေကြသည် ။ ဒါပေါ့ သာမာန်ထက် အရပ်ကပိုရှည်နေပြီး ၊ ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်နဲ့ ချောမောလွန်းတဲ့ အမျိုးသားက ကောင်မလေး တိုင်းရဲ့ စိတ်ကူးထဲက နတ်သားလေးမဟုတ်လား ။
YOU ARE READING
About Of Love
Contoအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....