Part-7 (merry Christmas)

52 2 0
                                    

About of love>>>>

"ဟော..လာလေ သားမိုးလွန်း..မေတို့ရော ဒီနေ့မပါပါလား.."

ကျောင်းပိတ်ရက်တွေမှာ မေတို့နဲ့ ခယောင်းအိမ်လိုက်လာနေကျမို့..အန်တီကလည်းသူ့ကို သိနေပြီဖြစ်သည်။

"ဟုတ် အန်တီ ..မေတို့က ကိစ္စတစ်ခုရှိလို့ ကျောင်းကို အရင်သွားနှင့်ပြီ အဲ့တာကြောင့် သားက ခယောင်းကို လာခေါ်တာ..."

"သား သူငယ်ချင်းကတော့ အခန်းထဲမှာ... အန်တီသွားခေါ်လိုက်မယ်..မနေ့ညက အိပ်တာနောက်ကျတယ် ထင်တယ်..မနက်နောက်ကျမှထတယ် ခနစောင့်နော်သား.."

"ဟုတ်ကဲ့ အန်တီ.."

ခယောင်းတို့အိမ်လာတိုင်း ခယောင်းအဖေကို မတွေ့ဖြစ်တာများသည်။ အိမ်မှာ အန်တီနဲ့ခယောင်းသာ အမြဲရှိတတ်သည်။

မိုးလွန်းထိုင်စောင့်နေတုန်း.. ခယောင်းအပေါ်ထပ်ကဆင်းလာသည်။ အန်တီကိုနှုတ်ဆက်၍ ခယောင်းနဲ့အတူ ကျောင်းသို့သာ ဦးတည်လာခဲ့သည်။ ကျောင်းရောက်တော့ ဆိုင်ကယ်ထားပြီး စာသင်ဆောင်ရောက်ဖို့ ကော်ရစ်တာကနေ အတော်ပင်လမ်းလျှောက်ရသည်။ လမ်းတစ်လျှောက် ပိတောက်ပင်‌တွေ တန်းစီစိုက်ထားလေသည်။ ဆောင်းရာသီ ဖြစ်တာကြောင့်..ပိတောက်ပင် အရိပ်များကြောင့် ချမ်းစိမ့်စိမ့်နှင့်။

"ခယောင်း..ချမ်းနေတာလား.."

"Omm နည်းနည်းပေါ့.."

"Canteen မှာ coffee သွားသောက်မလား.."

"သွားတာပေါ့.."

နှစ်ယောက်သား canteenမှာ coffeeထိုင်သောက်နေကျရင်း..

"ဆောင်းရာသီက ဘာလို့အေးတာလဲ မသိဘူးနော်..ဒီလိုရာသီဆို လက်ဝဲသုန္နရအမတ်ကြီးကို သွားပြီးသတိရမိတယ် "

ခယောင်းက ကော်ဖီခွက်ကို လက်ကကိုင်ကာ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ မိုးလွန်းအား ပြောနေသည်။

"သူ့ခမျာ တစ်ယောက်တည်း အအေးဒဏ်ကို အံတုရင်း ဘယ်လောက်ထိ အထီးကျန်နေလိုက်မလဲ..."

"ဘာလို့လဲ နင်ရော အေးတဲ့အချိန် အထီးကျန်လို့လား.."

"အဟက်...အထီးကျန်တယ်ဆိုတာ ခယောင်းငယ် ဘဝမှာ မရှိတော့ဘူး"

About Of LoveWhere stories live. Discover now