At Mandalay University,
ခယောင်းငယ်တဲ့ မိဘများက ပေးထားသည့်နာမည်ပေါ့ ကျွန်မလည်းကြိုက်တယ်
မွေးချင်းမရှိတဲ့ ကျွန်မအတွက်သူငယ်ချင်းတွေက တစ်ကမ္ဘာလိုပဲ။Universityရောက်တော့လည်း သူငယ်ချင်းအသစ်တွေရတယ် first semesterပဲေဖြရေသးတယ်အရမ်းခင်ဖို့ကောင်းတယ် ဆိုတာသိလာရတယ်။
စစ်သက်နိုင်၊ နှင်းသံသာ၊ မေထက်ပိုင်၊
သက်ထားနွယ်ဦး ဆိုတဲ့သူငယ်ချင်းလေးယောက်ရခဲ့တယ်။အမြဲတစ်တွဲတွဲနဲ့ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းအုပ်စုလေးပေါ့......"ဟဲ့ ခယောင်းငါတို့ေပြာတာကြားလား ဘာတေွဒီလောက်စဉ်းစားပြီးပြုံးနေတာလည်း"
သူကသက်ထားနွယ်ဦး သူများတွေးနေပြီဆိုအမြဲ နှောက်ယှက်တတ်တယ်။အရပ်ရှည်ရှည် မျက်မှန်လေးနဲ့ ချစ်စရာလေးလုံးမလေး...
"ဟမ် ဘာပြောနေတာလဲ။sry အတွေးနည်းနည်းလွန်သွားလို့ ဟီး...."
ခယောင်းတစ်ယောက် အားနာနာနဲ့ဖြီးပြလိုက်ရတယ်
"စာမေးပွဲ ပြီးရင် ငါတို့လျှောက်လည်မလို့လိုက်မလားလို့ အကုန်လိုက်မှာတဲ့ လိုက်မယ်မဟုတ်လား"
မေထက်ပိုင်က ပြန်ပြောရင်းမေးသည်။အားလုံးထဲမှာ သူကတည်ငြိမ်ပြီးစိတ်ရှည်သည်။ အားကိုးရတဲ့ k-poperမလေး...
"လိုက်လို့မရလောက်ဘူး။ ငါ..ကလောကိုပြန်ရအုံးမယ် ဘွားဘွားတို့ဆီကို ဒီလိုအချိန်ပဲပြန်ရတာ"
ခယောင်းက မျက်နှာငယ်လေးနဲ့ ပြောသည်ကို စစ်သက်နိုင်ကလည်း သက်ပြင်းချရင်း
"အေ့ပေါ့ဟာ မလိုက်နိုင်တော့လည်းဘာတတ်နိုင်မှာလဲ"
"နင်တို့ကလည်း မဟုတ်လည်းအတန်းလစ်ပြီးသွားနေကြကို မသွားဘူးတာလည်း မဟုတ်ဘဲ Feelမနေကြနဲ့ ပျော်ပျော်နေကြ။ဟဲ့ ခယောင်းပြန်လာရင် လက်ဆောင်ဝယ်ခဲ့နော် ဟီး...."
နှင်းသံသာက ဝင်ပြောရင်း အရွှန်းဖောက်တော့ ခယောင်းက မကြည် ကြည့်ဖြင့်
"ဝယ်ခဲ့မယ်...ဝယ်ခဲ့မယ်..ဟွန့်"
အာ့တော့မှ အားလုံးက ခယောင်းရဲ့ပုံစံကြောင့် ဝိုင်းရယ်ကြသည်။ခယောင်းကတော့ မကျေမနပ်နဲ့ပေါ့..............
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....