Part - 16 (happy family)

74 3 0
                                    

About of love >>>

ရာသီစက်ဝန်းက ပုံမှန်လည်ပတ်နေသည် ......စာမရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မိုးလွန်းက ခယောင်းအိမ်မှာ ညနေခင်းတစ်ခုလုံးကို တစ်ပတ်နီးနီး ကုန်ဆုံးတယ်.....
စာစောပြီးတဲ့ နေ့တွေဆို သူတို့နှစ်ယောက်က ကျုံးဘေးမှာ လမ်းလျှောက်ကြတယ်.....
အရာအားလုံးက ပုံမှန်ပါပဲ.........

သူတို့စာမေးပွဲရက်တွေရောက်တော့ မနက်ခင်းတိုင်း မိုးလွန်းက ခယောင်းကို လာခေါ်တယ်.ညနေဆို အိမ်ကိုလည်း တချက်မညည်းညူပဲ လိုက်ပို့တယ်...
ကျောင်းရောက်မှ မေတို့နဲ့တွေ့တယ်.......သူတို့တွေအကုန် စာဖြေရတဲ့ အခန်းကတော့ မတူခဲ့ပါဘူး.........

ဒီလိုပဲ သူတို့ရဲ့ ကျောင်းတက်ရက်တွေ ကုန်ဆုံးပြီး နောက်ဆုံးနေ့ကို ရောက်လာတယ်.......

"ဖိုက်တင်း...... နောက်ဆုံးဘိတ် အိတ်နဲ့လွယ်ပြီး ဖြေခဲ့ကြနော်......"

မေ့ရဲ့ အားပေးစကားကို အားလုံး ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်တုန်း အချက်ပေးခေါင်းလောင်းသံ မြည်လာတာကြောင့် အတန်း အသီးသီးကို ကျောင်းသားများဝင်ကြသည်......
သူတို့လည်း အချင်းချင်း အားပေးရင်း ဝင်ခဲ့ကြသည်......

သုံးနာရီဆိုတဲ့ အချိန်က စာဖြေနေတဲ့ ကျွန်တော်တို့အတွက် ကုန်တာမြန်လိုက်တာ......
အချိန်ပြည့် ခေါင်းလောင်းသံကြောင့် ကျောင်းသားတွေက ကိုယ်စီအခန်းထဲက ထွက်လာကြသည်။
မိုးလွန်းတို့ ခြောက်ယောက်ကတော့ ဖြေပြီးသား စာကို ပြန်တိုက်ခြင်းမရှိပေမယ့် ပါးစပ်ကနေတော့ စာမေးပွဲက အမှတ်တရတွေ ဖောက်သည်ချရင် ကန်တင်း ရောက်လာကြတယ်......

"ညီမလေး  ရေ......."

မရိုးတာတစ်ခုက နွယ်က စားပွဲထိုးကောင်မလေးကို ညီမလေး လို့ခေါ်ရင် ရယ်ရတာတစ်ခုပဲ......
ကိုယ့်ထက် အကြီးကို ဘာလို့ ညီမလေး ခေါ်တာလဲလို့ မေးမိတုန်းကဆို......

"ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကို အမလို့ခေါ်တာမကြိုက်ကြဘူး......
ညီမလေး လို့ခေါ်မှ ငါတို့ကိုကြည်ပြီး မြန်မြန်စားစရာ လာချမှာပေါ့တဲ့......"

"အမတို့ ဘာစားမှာလဲ....."

"ထုံးစံအတိုင်း......ကိုလာတစ်ခွက်စီပဲချတော့....ကျန်တာကတော့ အာလူးမာလာတစ်ပွဲပဲပေး...."

About Of LoveWhere stories live. Discover now