Part -14 (valentine day 2)

51 3 1
                                    

About of love >>>>>>

မျက်စိရှေ့မြင်နေရတဲ့ အရာကိုသာ စူးစိုက်ကြည့်နေမိသည် ။ ဒေါသများ အပြင်လူမမြင်စေလိုရန် အံကိုတင်းတင်းကြိတ်ထားရ၍ မေးရိုးများလည်း ထောင်နေပြီဖြစ်သည် ။

သူအတန်းထဲမဝင်မှီက ထိုအရာကိုမမြင်ခဲ့ပါ ။ နွယ်နဲ့ မေရောက်လာမှ အတန်းအောက်အကန့်ထဲမှ ထုတ်ယူမေးမှ သိရသည် ။

"ဟယ်.....သံသာ နင်လိုချင်နေတဲ့ အရုပ်ပန်းစည်းလေး......"

ပြီတီတီ မျက်နှာလုပ်ကာ ပန်းစည်းကို အပြင်ထုတ်ယူလိုက်သည့်နွယ်.....

တော်သေးသည် ပန်းစည်းက အရမ်းမကြီးတဲ့ ချစ်စရာအရွယ်လေးမို့....

"ဝယ်လာတာတော့ မဟုတ်ဘူးမလား.....ဘယ်သူပေးသွားတာလဲ...."

သူမ အခက်တွေ့နေပြီ ....
ယနေ့က အတန်းချိန် နှစ်ချိန်ဆက် တစ်ခုပဲရှိသည့်မို့ ကျောင်းသားတွေက သူတို့လိုမျိုး အတန်းချိန်ပြီးမှ အလည်အပတ်တွေအတွက် အစီအစဉ် ဆွဲထားသည်ထင်သည် .....အတန်းထဲမှာလည်း လူအပြည့်ရှိနေသည်.......
ဒါကို ကလေးမက ပန်းစည်းကြီးကိုင်ပြီး ပြူးတူးပြဲတဲ ကြည့်နေသည် ။ သူတောင်ရှက်လို့ အတန်းအောက်ထည့်ထားတာ မဟုတ်ပါလား......

"အဲ့တာကြီး အောက်ချထားစမ်းပါ......
အခြားသူတွေ ကြည့်နေပြီ....."

သူမဆွဲကာ အတန်းအောက်ထဲပြန်ထည့်ထားလိုက်သည် ။ နွယ်နဲ့ မေက သိချင်သောကြောင့် ဘလင်းဘလင်း အကြည့်တွေ ဖြစ်နေပေမယ့်......
ခယောင်း နဲ့ မိုးလွန်းက ငြိမ်နေတယ်.....
အင်း......ကိုစစ်ကတော့ ခုံအောက်ကပန်းစည်းကို စူးစူးစိုက်စိုက်နဲ့ကို ကြည့်နေသည်......

"ငါ.....အတန်းပြီးရင် ပြောပြမယ်....
ပြောရမှာနည်းနည်း ရှည်တယ်....
ဆရာလာတော့မယ်....."

သူမရဲ့ လေသံတိုးတိုးကြောင့် နွယ်က ခေါင်းငြိမ့်ကာ စာအုပ်ထုတ်၍ ကြည့်နေသည် ။ မေနဲ့ ခယောင်းကလည်း စာအုပ်ထုတ်နေပြီကြောင့် သူမသက်ပြင်းချလိုက်သည် ။ အနောက်က ကိုစစ်တို့ကိုတော့ သူမလှည့် မကြည့်မိခဲ့ဘူး......

သူမသာ ကြည့်ခဲ့မယ်ဆိုရင် အကြည့်စူးစူးကို ရင်ဆိုင်ရပေလိမ့်မည်.........

About Of LoveWhere stories live. Discover now