About of love >>>>
"အင်း..ကိုကိုရော နေကောင်းလား.."
"ကိုကိုလား..သူကတော့ ကောင်းသလားမမေးနဲ့ .....
ကိုကို ခုတစ်လော ဘာဖြစ်နေလဲ မသိဘူး ကျောင်းလည်းပုံမှန်တတ်တယ် စာလည်းအတော်လုပ်တယ် ကိုကိုက ကျောင်းပြီးရင် ဒီကရုံးခွဲမှာ အလုပ်ဝင်ချင်လို့တဲ့ ဒယ်ဒီကို ပြောနေတာ ကြားတယ် "မိုးလွန်း သူ့ရဲ့ အရပ်အရှည်ကြီးကို ဝရန်တာပေါ် မှီရင်း..
"ကိုကို ကလား.. "
"ဟုတ်ပါတယ်ဆို ကိုကို အရင်လိုမဟုတ်တော့ဘူး..လုံးဝကို ကြိုးစားနေတာ "
"အင်းပါ.. ညမှ ငါဖုန်းဆက်ရင်း မေးကြည့်အုံးမယ်..........
နိုးနိုး ကိုကို ဒယ်ဒီတို့နဲ့ အဆင်ပြေရဲ့လား...'မိုးလွန်းရယ် နိုးနိုးရယ် ကိုကိုမိုးညရယ်က မိဘတွေ မတူပေမယ့် တကယ့်မောင်နှမ အရင်းတွေလို ချစ်ကြသည်။ ကိုကိုက အသက်ဆယ့်လေးနှစ် လောက်က သူ့မေမေရှိတဲ့ မန္တလေးကို သွားနေတယ်။ ကိုကို့ ဒယ်ဒီကတော့America မှာ သိပ်တော်တဲ့ လုပ်ငန်းရှင်ပေါ့ ။ အချစ်မပါတဲ့ မိဘတွေ အိမ်ထောင်ရေး မှာ ကိုကိုက အေးစက်စက် ကောင်လေးတစ်ယောက်။ မိဘနှစ်ယောက်လုံး ဘယ်သူနဲ့မှ မနေပဲ အဒေါ်ဖြစ်တဲ့ မိုးလွန်း အမေတို့ မိသားစုနဲ့ နေတယ် ။ ကိုကိုက မိုးလွန်းနဲ့ နိုးနိုး နှစ်ယောက်လုံးကို အရမ်းချစ်တယ် ။ ကိုကို တက္ကသိုလ် တတ်ချိန်ရောက်တော့ ဒယ်ဒီနဲ့ သွားနေရတယ်။ အဲ့ဒီ အချိန်ကတော့ မိုးလွန်းတို့ နှစ်ယောက်လုံးက ကိုကို ဘာလို့ သွားရတာလဲ ဆိုတာ မသိဘူး ။ မေမေတို့ကလည်း ရေရေရာရာ ပြောမပြကြဘူး ။ ကိုကိုနဲ့ မိဘတွေရဲ့ ဆက်ဆံရေးကတော့ အေးစက်စက်နဲ့ပေါ့........
"အရင်လိုပါပဲ... "
နိုးနိုး ရဲ့ သက်ပြင်းချသံ သဲ့သဲ့ကြားတော့ မိုးလွန်းမနေနိုင်ပဲ..
"အဆင်ပြေမှာပါ... ဘယ်သူမို့လည်း.. ကိုကိုပဲလေ....အရမ်းစိတ်မပူပါနဲ့... ကိုကို့မှာလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိမှာပါ..."
"အင်း..."
"အင်း..အဲ့တာဆို ဘာမှစိတ်ထဲမထားပဲ. စာသာကြိုးစား ပြီးရင် မြန်မြန်ပြန်လာခဲ့တော့..."
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....