Part-5

66 2 0
                                    

ဒီနေ့ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်၍ အားလုံးရုပ်ရှင်သွားကြည့်ရန် သဘောတူပြီး အပြင်ထွက်လာကြသည်။ ပြဿနာကခုမှစလေသည် မေ့အိမ်က ဆိုင်ကယ်မအား၍ သက်ထားဆိုင်ကယ်နဲ့ လိုက်လာသည်။ ကိုစစ်ရဲ့နောက်မှာလည်း သံသာကလိုက်စီးသည်။ ခယောင်းက မေ့နောက်က လိုက်စီးနေကျဆိုတော့ မေကဆိုင်ကယ်မပါတော့ သူ့ဆိုင်ကယ်ယူမည်လုပ်နေသည်။ အကုန်လုံးကသဘောမတူ....

"ဟာ ..ဘာမှမဖြစ်ပါဘူးဆို ငါမောင်းနိုင်ပါတယ်"

"မရပါဘူး မရဘူးနော် ခယောင်း နင်ဆိုင်ကယ်မောင်းတာ ဘွားဘွားကြီးသိရင် ငါတို့ဘယ်မှမသွားရပဲနေမယ်"

သံသာကပြောတော့ သက်ထားနဲ့ ကိုစစ်ကလည်းဝင်၍ဟုတ်သည်ဟု ဆိုကာခေါင်းညိတ်ပြသည်။

"ခယောင်းရယ် လိမ္မာပါတယ်နော် မိုးလွန်းနောက်က တက်လိုက်တော့ သွား.သွား..မြန်မြန်တက် အချိန်တွေကြာတယ် နောက်ကျနေမယ် သွား ."    ဟု ဆိုကာ မေက ခယောင်းအားတွန်းလွှတ်ကာ မိုးလွန်းဆိုင်ကယ်ပေါ်တင်ပေးလိုက်သည်။

လမ်းတစ်လျှောက် ဆိုင်ကယ်ပေါ်တွင်...
မိုးလွန်း ကအရင်စ၍ ခယောင်းအား စကားစပြောသည်။

"ခယောင်းငယ်..."

"Omm ပြောလေ"

"ခုနတုန်းက နင်ငါနဲ့မလိုက်ချင်လို့ ဇွတ်ဆိုင်ကယ်ယူချင်နေတာလား ငါ့ကိုအဲ့လောက်တောင် မခင်ချင်ဘူးလား ..."

မိုးလွန်းလေသံက စိတ်ဆိုးနေသည့်အသံမျိုး မဟုတ်သလို ဝမ်းနည်းနေသည်လည်းမဟုတ်ပါ။ အကြောင်းရင်းကို သိလို၍ မေးမြန်းနေသည့်ပုံစံမျိုး ဖြစ်သည်။

"မဟုတ်ပါဘူး....ငါဆိုင်ကယ်မစီးရတာကြာလို့ စီးချင်လို့ပါ အဲ့လိုသဘောမျိုးသက်ရောက်သွားတယ်ဆိုရင် sry နော်"

"ငါကလည်း ဒီအတိုင်းသိချင်လို့ မေးတာပါ။ ဒါနဲ့ နင့်ကို အိမ်က ဘာလို့ဆိုင်ကယ်မစီးခိုင်းတာလဲ "

"Accident ဖြစ်ဖူးလို့ အရမ်းကြီးဆိုးဆိုးဝါးဝါး ဖြစ်တာမျိုး မဟုတ်ပေမယ့် အများကြီးလည်း မထိခိုက်ဖူးလို့ ပြောလို့မရဘူး အဲ့တာကြောင့် ဘွားဘွားကြီးက စိတ်ပူလို့ ဆိုင်ကယ်မစီးစေချင်တာ "

About Of LoveWhere stories live. Discover now