About of love ...>>>>ဆောင်းရာသီဖြစ်၍ အားကစားချိန်သည် မနက်ပိုင်း ပိုအဆင်ပြေသည် ဟူသော နည်းပြရဲ့ ယူဆချက် အရ ကိုစစ်တို့ရဲ့ လေ့ကျင့်ချိန်ကို မနက်ချိန်များသာ ပိုများစေခဲ့သည်။ ဒါ့ကြောင့် ပုံမှန်ကျောင်းချိန်ထက်..အစောသွားရသည်။ ခယောင်းနဲ့ မိုးလွန်းကတော့ ပုံမှန်ချိန်မှသာ နှစ်ယောက်အတူလာမည်ဖြစ်သည်။ အေးလွန်းတဲ့ရာသီဖြစ်၍ ဆိုင်ကယ်စီးရတာ သိပ်မသက်သာလှ၍..အိမ်နီးသည့် ကိုစစ်နဲ့ သံသာက တစ်စီးသက်သက်လာပြီး.. မေနဲ့သက်ထားက သက်သက်လာလိမ့်မည်..။
သံသာနဲ့ ကိုစစ်က အရင်ရောက်နှင့်၍...အားကစားခန်းရှေ့မှာ...စောင့်နေကြသည်။
"သံသာ.."
ကိုစစ်က သံသာမျက်နှာတည့်တည့်ကြည့်၍ ခေါ်လိုက်ခြင်း..သံသာကတော့ ရှေ့တည့်တည့်ကိုသာ ကြည့်နေသည် ။ ကိုစစ်က
သံသာ နားထောင်နေမှန်းသိလို့ ဆက်ပြောသည်။"အတန်းထဲက ဇော်ဝေလျှံ ကိုသိတယ်မို့လား .."
"Omm သိတယ် .."
"Aww.."
သံသာက ချက်ချင်း ကိုစစ်ဘက် လှည့်လာ၍
"ကိုစစ် ဘာကိုပြောချင်နေတာလည်း....တစ်ခုခုကိုပြောချင်နေသလိုပဲ ပုံစံက..ပြောလေ ....."
ထိုတော့မှ ကိုစစ်က သံသာ့မျက်နှာအား စေ့စေ့ကြည့်၍...
"သူက နင့်ကိုစိတ်ဝင်းစားလို့တဲ့ ငါ့ကိုပြောခိုင်းနေတယ်...အဲ့တာ ငါပြောပြတာ.. ပြီးတော့ သူ့ကိုပြန်မချစ်နဲ့ သူက မကောင်းဘူး..သိလား သံသာ .."
သံသာလည်း သူပြောသမျှအား..ငြိမ်ငြိမ်လေးနားထောင် ပေးနေသည်..
"နော်လို့..သူ့ကိုပြန်မချစ်နဲ့ သူကမကောင်းဘူး.."
"စစ်..ဘယ်လိုတွေတောင်လားဟာ သူကမိုးလွန်း မရောက်ခင်ကတည်း နင်နဲ့ပေါင်းနေတာပဲ ငါတို့နဲ့က သူနဲ့..သိပ်ပြီးမရင်းနှီးပေမယ့် နင့်သူငယ်ချင်းပဲလေ..သူများေတွကြားရင် ကိုယ့် သူငယ်ချင်း မကောင်းကြောင်း ပြောတယ်ထင်နေမယ်...အရင်ကတော့ အတန်းထဲမှာ သူနဲ့အတူ ပုခုံးဖက်ပေါင်းနေတာလေ.. ခုမှ ဘာထဖြစ်ရပြန်တာလဲ..."

YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....