About of love >>>>>
"ဟဲ့... ..ဟဲ့......ကျောင်းက mailboxမှာ တွေ့ပြီးကျပြီလား....."
"ငါတော့ တွေ့ပြီးပြီ...ချောလိုက်တာဟယ်.....အဲ့နေ့က ငါသွားမကြည့်လိုက်ရတာ နာလိုက်တာ....မဟုတ်ရင်....အဆင်လေးကို အပြင်မှာတွေ့ဖူးမှာ...ခုတော့ သူရှိတဲ့ဆီ သွားချောင်းမှပဲရမယ်...."
"ဟုတ်တယ်အေ..."
"ဟဲ့ ဟဲ့ ဟိုမှာ ဟိုမှာ ကောင်မလေးတစ်ယောက်ရော ပါတယ်.....သူ့ကောင်မလေးလား မသိဘူး...."
"အသဲတော့ကွဲပါပြီဟယ်......"
"နင်ကတော့ အမြဲတမ်း အသည်းကွဲ......"
မေ အရှေ့က ကောင်မလေး တွေပြောတာကို အနောက်ကလိုက်လာတဲ့ တစ်လျှောက်လုံး ကြားနေရတော့ ရယ်လည်းရယ်ချင်တယ် လက်စသတ်တော့ မိုးလွန်းနောင်....welcom မှာ နာမည်ကြီး သွားတာကိုး......
"ဟာ ဆယ်လီကြီး...လာပါဗျာ..ထိုင်ပါ ထိုင်ပါ....ဘယ်လိုလဲ ဆယ်လီဖြစ်ရတဲ့ ခံစားချက်လေး...."
မိုးလွန်းလည်း တော်တော် အံ့သြသွားတာပါ....မနေ့ညက နိုးနိုးနဲ့ vc ပြောပြီးကတည်းက စာလုပ်နေတာနဲ့ လိုင်းမတက်ဖြစ်ပဲ အိပ်ပျော်သွားတာဖြစ်သည် ။ မနက်မိုးလင်းတော့မှ လိုင်းဖွင့်လိုက်တော့ တစ်တောင်တောင်နဲ့ တက်လာတဲ့ friend request တွေနဲ့ mailbox ကပုံတွေ အလွန်ဆုံး နိုးနိုးနဲ့ ပုံတွေတောင်ပါသည် ။
တချို့ဆို နိုးနိုးနဲ့ ချစ်သူတွေလို့တောင် ထင်နေကျတာ...."ငါလည်း မနက်လင်းမှ သိတာ.. သိသိချင်း ခေါင်းတွေတောင် ပူသွားတယ်..... "
မေတစ်ယောက်ကတော့ အခန်းထဲဝင်လာရင်း စကားတစ်ခွန်း ဆိုလိုက်သည်....
"လာတဲ့ လမ်းတစ်လျှောက် ကောင်မလေးတွေ မျက်လုံးကျွတ်ကျမတတ် ကြည့်နေတာရော ပြောအုံးလေ....."
"ဘာတွေပြောနေကျတာလဲ........ငါလည်းမသိရပါလား......"
ခယောင်းရဲ့ စကားကို နွယ်က အံ့သြဟန်ပြပြီး မသိရင်ကြည့်ဆိုသည့် ပုံစံမျိုးနှင့် ဖုန်းထိုးပေးသည်......
သူမ ကြည့်လိုက်တော့မှ မိုးလွန်း မနေ့က စင်ပေါ် ဂစ်တာတီးနေသည့် ပုံတွေ ၊ အရင်ကျောင်းတုန်းက ပုံတွေ ၊ fb acc ကို screenshot ရိုက်ထားသည့် ပုံတွေနဲ့ နောက်ဆုံးကတော့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ကောင်မလေးတစ်ယောက်နဲ့ တူတူ သွားလာကြတဲ့ ပုံတွေ ......
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....