About of love >>>>
ခယောင်းက မေမေနဲ့ နှစ်ယောက်ထဲပဲ နေတယ် ။ အချစ်ကြီးလွန်းတဲ့ ဘွားဘွားကတော့ သူ့တစ်သက်တာမြတ်နိုးသူ ခေါင်းချသွားတဲ့ ကလောမှာပဲ ပျော်ပျော်ကြီးနေတယ် ။ ပါးပါးကတော့ ဟိုးအဝေးကြီး က Newzeland မှာနေတယ် သူ့အချစ်ရှိရာပေါ့.....
အရာအားလုံး က ပုံမှန်ပါပဲ ၊ မနက်ခင်းအိပ်ရာနိုးတော့ မေမေနဲ့ မနက်စာစားတယ် ။ ကျောင်းသွားတယ် ၊ တစ်ပတ်တစ်ခါ ဘွားဘွားကြီးတို့နဲ့ ဖုန်းပြောတယ် ၊ ဘွားဘွား က မိဘမေတ္တာ ဘယ်လောက်ကြီးကြောင်း နဲ့ မေမေ့ကို ဂရုစိုက်ဖို့ အမြဲမှာတယ် ၊ ကျောင်းပိတ်ရက်တိုင်း မေမေနဲ့ ခယောင်းက ကလောကို သွားလည်ကြတယ်။
ပါးပါးနဲ့လည်း တစ်ပတ်တစ်ခါ vcပြောတယ် ၊ ပါးပါးက အနားမှာ မနေပေမယ့် ခယောင်းကို သိပ်ချစ်တာသိသည် ။ ပါးပါးကတော့ အလုပ်တွေများလို့ အားမှသာ အချိန်လုပြီး ပြန်လာဖြစ်သည် ။
"မေမေရေ...... "
ခယောင်းကျောင်းသွားရန် အဆင်သင့်ပြင်ပြီး မနက်စာစားရန် အောက်ထပ်သို့ဆင်းလာသည် ။
မိုးဖိုးချောင်မှာ အလုပ်ရှုပ်နေတဲ့ မေမေ့ကို တွေ့သည်နှင့်"မေမေ ရေ ပါးပါး ဖုန်းဆက်တယ် ဒီကိုအရင်ပြန်လာပြီး နောက်မှ တူတူ ဘွားဘွားဆီသွားမယ်တဲ့... "
မေမေက ဘေစင်နားကနေ ခယောင်းရှိတဲ့ စားပွဲနားကိုရောက်လာပြီး မနက်စာပြင်ပေးနေသည် ။
"သမီးငယ်ရယ်.... သမီး ပါးပါးမအားတာကို ဇွတ်မခေါ်ပါနဲ့လားကွယ်..
သူလည်း သူ့အလုပ်နဲ့သူရှုပ်နေရှာတာ... ""မေမေကလည်း...သမီး အတင်းမခေါ်ပါဘူး...ပါးပါးကိုယ်တိုင်ကိုက လာမယ်လို့ပြောတာပါ.."
ခယောင်းက မေ့မေ့ ပါးလေးတစ်ချက်နမ်း၍ သူ့ပယောဂကင်းကြောင်း ပြောသည် ။
"ဟုပါပြီ အာ့တာဆိုလည်း ကျောင်းနောက်ကျအုံးမယ် အမြန်လုပ်...."
"ဟုတ်.."
...........
မနက်စောစောစီးစီး သံသာ့အိမ်သို့ ကိုစစ်ရောက်လာသည် ။ မနက်စာမစားရသေးဟုဆိုကာ မေမေ့ကို ကပ်ချွဲပြီး မြိုနေသည် ။ သံသာ ၊ ကိုစစ်နဲ့ နွယ်က အထက်တန်းတည်းက သူငယ်ချင်း ၊ မေနဲ့ ခယောင်းကျ တက္ကသိုလ် ရောက်မှခင်တာဖြစ်သည် ။
YOU ARE READING
About Of Love
القصة القصيرةအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....