မိုးသက်ငယ်တို့တဖွဲဖွဲကျနေသလိုနှလုံးသားမှာလည်း ဖွဲမီးလိုတမြေ့မြေ့လောင်ကျွမ်းနေတယ်
အရာအားလုံးကကြိုတင်စီစဉ်ပြီး သည်လူသားသာရင်နှင့်မမျှခံစားနေရသလို။
ဘယ်ဘက်ရင်အုံတစ်ခုလုံးဟာလည်းဒဏ်ရာတွေနဲ့ပြည့်နှက်နေသည့်အလား။
ချစ်ဦးသူရဲ့ရက်စက်မှုကြောင့် အရာအားလုံးဆုံးရှုံးလိုက်ရသလိုခံစားချက်။
ဟွန်း...ရက်စက်မှုလို့ပင်မဆိုရက်လောက်အောင် ထိုလူသားအားချစ်မြတ်နိုးခဲ့ပါသည်။
ခုချိန်တွင်တော့မိုးစက်များနှင့်အတူသူ့ကိုချစ်တဲ့အချစ်တွေလည်းမြေပြင်သို့ကြွေလွှင့်ပျောက်ကွယ်စေချင်ပြီ။တစ်ခနလေးတော့မြေပြင်မှာစိုစွတ်နေမာပေါ့......မိုးသားတို့ရွာတိုင်း ရင်မှာအတိတ်အကြောင်းအားတူးဆွနေသည်။အလွမ်းဓာတ်ခံရှိသူအဖို့
မိုးနတ်သား ကတမင်များကျီစားနေလေသလား။သို့ပေမယ့်လည်း မိုးအားမမုန်းရက်ပါ။မိုးစက်များရွာချတိုင်း ဂန္ဓဝင်ဆန်သည့်အလှအပအားငေးမိနေမြဲဖြစ်သည်။တီ...တီ........တီ......
"Hello" သူမမိုးစက်များအားငေးမောနေရာမှ အတွေးများဖြတ်ကာပြန်လည်ဖြေကြားလိုက်သည်။
"Hello ခယောင်း နင်ပြန်မလာသေးဘူးလား။ကျောင်းကမနက်ဖြန်ဆိုဖွင့်တော့မှာနော်။အပ်လည်းအပ်ထားပြီးပြီ လူကိုယ်တိုင်လာဖို့ပဲကျန်တော့တာနော်"
ဟုတ်တာပေါ့။သူမဒီရောက်နေတာကြာလှပြီ။ကျောင်းတွေတောင်ဖွင့်တော့မှာပေါ့လား။
"အင်း။ငါနောက်တစ်ပတ်လောက်နေရင် ပြန်လာခဲ့မယ်။ကျောင်းကဖွင့်ခါစဆိုတော့ စာလည်းသိပ်သင်မှာမှမဟုတ်တာ။"
"အေးပါ။ငါတို့ကနင်ဘယ်တော့ပြန်လာမှာလဲသိချင်လို့ဆက်လိုက်တာ။မြန်မြန်ပြန်လာခဲ့နော် ကလောပြန် လက်ဆောင်တွေကိုမျှော်နေမယ် ဟီး..ဟီး.."
"အေ့ပါ အေ့ပါ ဖုန်းချလိုက်တော့မယ်နော် သက်ထား Bye bye"
ဖုန်းချပြီးသည်နောက် သူမစဉ်းစားနေမိသည်က သူငယ်ချင်းတွေနဲ့ chemistry second year ကျောင်းသူဘဝအားပျော်ပျော်ကြီးဖြတ်သန်းပြစ်မည်ဟု။ အတွေးများကလက်တွေ့တွင်အမှန်ဖြစ်လာပါ့မလား။
💦*"""###💦💦*"""###💦💦*""#💦
......,...........
Zawgyi:
*"""###*"""###*""#
To be continued..
#khyung
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....