About of love>>>>
"ငယ်...... ကိုယ်မင်းကို အရမ်းလွမ်းနေပြီ သိရဲ့လား.... ကိုယ်ပြန်လာရင်.. ငယ်ကျေနပ်တဲ့ အထိ ကိုယ်တောင်းပန်မှာပါ...ထပ်ပြီးတော့ စောင့်နေပေးပါအုံး.....ကိုယ်က အတ္တကြီးတဲ့ အတွက် ငယ့်ကိုမရရအောင် ယူမှာ သိတယ်မို့လား.. ..အဲ့ဒီအချိန်ကျရင် ငယ် အရင်လို အပြုံးလေးနဲ့ ခွင့်လွှတ်ပါအုံးမလား ကိုယ် မသိဘူး....ငယ်အများကြီး မပြောင်းလဲသွားဖို့ပဲ ကိုယ်ဆုတောင်းပါတယ်...ဆက်ဆက် စောင့်နေပေးပါ ငယ်...."
I need somebody who can love at my worst Know I'm not perfect ...
ringtone သံကြောင့် ကြည့်မိတော့ မိုးလွန်း ဆိုသောကြောင့် ခပ်မြန်မြန်ကိုင်လိုက်သည်။
"Hello...."
"အင်း....မိုးလွန်း ပြော...."
"ကိုကို နေကောင်းလား..."
"ကောင်းပါ့ကွာ... မင်းရော မန္တလေး အပို့ခံရတယ်ဆို....နိုးနိုးပြောတယ်...ဘယ်လိုလဲ အဆင်ပြေရဲ့လား......."
"အစတုန်းကတော့ အဆင်မပြေပေမယ့် နောက်ပိုင်းကျတော့လည်း အဆင်ပြေသွားတာပဲ...ဒီမှာလည်း ပျော်စရာကောင်းသား..."
"ဟားဟား..... ငါထင်သား မင်းလိုကောင်က မပျော်ပဲ ဘယ်နေမလဲ...."
မိုးည သေဘာတကျ တဟားဟား အော်ရယ်ကာ ပြောမိသည် ။
"ကိုကိုရော ကျောင်းပြီးရင် ဒယ်ဒီဆီ အလုပ်ဝင်မလို့ဆို အဆင်ပြေရဲ့လား.... "
"အစကေတာ့ ကျောင်းပြီးမှ ဝင်မလို့ပဲ ခုတော့ ဒီလကုန် ဝင်မယ် စဉ်းစားထားတယ်....အဲ့တာမှ ကျောင်းပြီးတာနဲ့ အလုပ်တွေအကုန် နားလည် အမြန်ပြန်လာလို့ရမှာပြီးရင်တော့ အဲ့မှာပဲ နေတော့မယ်.. ခုတော့ ဒီမှာ အဆင်ပြေအောင် ကြည့်လုပ်ရမှာပေါ့..."
"ကိုကို အဆင်ပြေရင်ပြီးတာပဲဗျာ...မေမေဆီလည်း ဖုန်းဆက်လိုက်အုံး... သူ့သားကြီး ကို လွမ်းနေတယ်တဲ့ဗျာ...."
"ဟုတ်ပါပြီကွာ...ဆက်လိုက်မယ်..မင်းလည်း အဲ့မှာ အရမ်းဆိုးမနေနဲ့.....အန်တီ လည်း မင်းနဲ့ ဦးလေးကြား ခေါင်းရှုပ်ရပေါင်းများပြီ..."
မိုးညက မိုးလွန်း ဆိုးကြောင်း သိသည်....မိုးလွန်း ပြဿနာ ရှာရင် ဦးလေးက ဆူသည်...အဲ့တော့ အန်တီက ရှေ့က ကာပေးပြန်သည်... မိုးလွန်းက အန်တီ ရှိနေလို့ ခံသာပေတာ... မနိုင်တဲ့အဆုံး မန္တလေးပို့ထားရသည် ။
YOU ARE READING
About Of Love
Cerita Pendekအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....