မျက်စိရှေ့ မြင်နေရသည်က မန္တလေးမြို့ဧ၊် ရှုမငြီးနိုင်သည့် ကျုံးရေပြင် ကျောင်းတက်ရမည် ဖြစ်သည့်အတွက် မန္တလေးသို့ပင် ရောက်နေခဲ့ပြီ။
မေမေရဲ့ ဟိုရောက်ရင် ပျော်မှာပါဆိုသည့် စကားက မန္တလေးရဲ့အလှတရားနှင့်ပင် ဖြေသိမ့်နေမိသည်။
ကျုံးရေပြင်အလှအား ခံစားရင်းပင် အိမ်သို့ပြန်ရောက်လာခဲ့သည်..
"သား..မိုးလွန်း ဟိုဘက်ခြံသွားရအောင်။"
"ဟုတ် တီတီ"
မိုးလွန်း တီတီကခေါ်၍ လိုက်လာခဲ့သည်။ဟိုကိုရောက်တော့ တွေ့လိုက်ရသည်က မိုးလွန်းတို့အရွယ်ကောင်လေးနဲ့ အဒေါ်တစ်ယောက် ဧည့်ခန်းမှာထိုင်၍ စကားပြောနေရင်းမှ..
"ဪ လာထိုင်လေ မေနှင်း"
"ဟုတ် မမလဲ့" ဒေါ်မေနှင်းဖြူကပြုံး၍ ဝင်ထိုင်ရင်း..
"မမလဲ့ ဒါက မမမိုးရဲ့သား မိုးလွန်းနောင်တဲ့"
"ဟုတ်ကဲ့ ကျွန်တော့်နာမည်က မိုးလွန်းနောင်ပါ အန်တီ"
"အေးပါကွယ် အန်တီနာမည်က လဲ့လဲ့နိုင်ပါ သားမေမေနဲ့ အန်တီနဲ့က ငယ်သူငယ်ချင်းအရင်းကြီးတွေ အန်တီကို သားမေမေလိုပဲ သဘောထားလို့ရပါတယ်"
"ဟုတ် အန်တီ"
မိုးလွန်းအန်တီ စကားအားပြန်ဖြေရင်းဘေးမှာထိုင်နေသည့် ကောင်လေးအား အကြည့်ရောက်သွားသည်။"ဪ ဒါ အန်တီရဲ့သား စစ်သက်နိုင်တဲ့"
အန်တီကမိတ်ဆက်ပေးတော့ ထိုသကောင့်သားက ကျွန်တော့်အားပြုံးပြသည်။"ဟုတ် အန်တီ"
"ဟုတ်တယ် မိုးလွန်း သက်နိုင်နဲ့သားနဲ့က တက်ရမယ့်ကျောင်းရော majorရော တူတူပဲ မနက်ဖြန်သူနဲ့တူတူသွားနော် တီတီက အလုပ်ရှိလို့ လိုက်မပို့နိုင်လို့"
"ဟုတ်တယ် မေနှင်းရဲ့ မလဲ့လည်း သားတော်မောင်ကို ဒီအကြောင်းပြောနေတာ သိတယ်မို့လား သူတို့တွေက အလုပ်သာမရှိတာ ဘာတွေမအားဖြစ်နေမှန်းကိုမသိဘူး ဖမ်းလို့ကိုမမိဘူး"
အန်တီလဲ့ရဲ့ စကားကိုတီတီကအပြုံးနဲ့ ထောက်ခံသည်။
"မဟုတ်ပါဘူး မေမေကလည်း သားက သံသာတို့နဲ့ ကျောင်းအပ်တဲ့ကိစ္စတွေလုပ်နေလို့ပါဗျ။ ဒါနဲ့မင်းကရော ကျောင်းအပ်ပြီးပြီလား"
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....