Part-4

72 2 0
                                    

ကျောင်းတစ်ပတ်လောက် တက်ပြီးသွားတော့ ကိုစစ် မိတ်ဆက်ပေးတဲ့သူငယ်ချင်းတွေနဲ့လည်း အတော်ပင် ခင်နေကြပြီဖြစ်သည်။ကျွန်တော်ခန့်မှန်းရသလောက်တော့ သူတို့မှာကျွန်တော့်အပေါ် ဟန်ဆောင်မှုမရှိပဲ အရင်တည်းကခင်တဲ့သူငယ်ချင်းလို ပွင့်ပွင့်လင်းလင်းဆက်ဆံကြတယ်။

"ကိုစစ် ဒီနေ့ ခယောင်းကျောင်းလာမယ်လို့ပြောတယ်။ ကလောကပြန်ရောက်နေပြီတဲ့။အဲ့တာ ငါတို့ကိုဝင်မခေါ်ဖို့လည်း‌ မှာထားတယ်။ သူ့အိမ်ကလိုက်ပို့မှာတဲ့။"

"အေးလေ အဲ့တာဆိုလည်း သွားကြစို့"

မေ့ရဲ့စကားကို ကိုစစ်ကပြန်ဖြေ၍ ကျောင်းသို့ပင် ဦးတည်ကာ ထွက်ခဲ့ကြသည်။
ကိုစစ်နဲ့သံသာက ဆိုင်ကယ်တစ်စီး၊ သက်ထားနဲ့မေနဲ့က ဆိုင်ကယ်တစ်စီး၊ မိုးလွန်းကတစ်စီး အသီးသီးစီ မောင်း၍ ကျောင်းသို့ရောက်လာခဲ့သည်။

"ငါတို့ ကန်တင်းအရင်သွားမယ်လေ အတန်းချိန်မှ မရှိတာ"

"အေး သွားမယ်"

သံသာ့ရဲ့ စကားကိုအားလုံးကထောက်ခံစွာပင် ကန်တင်းသို့ ချီတက်လာခဲ့ကြသည်။
အားလုံးကမှာစရာ ရှိတာမှာပြီး နောက်ထပ်ရောက်လာမယ့်သူအား စောင့်နေမိသည်။
မိုးလွန်းကတော့ နောက်ထပ်ရောက်လာမည့်သူက ဒီလေးယောက်လို သူနဲ့ အကြောတည့်ရင်ကိုတော်လှပါပြီ ဟုတွေးနေမိသည်။

တွေးနေရင်း မေကလက်လှမ်းပြလိုက်တော့ ကောင်မလေးတစ်ယောက် မိုးလွန်းတို့ထိုင်နေရာဝိုင်းဆီသို့ အထုပ်တွေဆွဲ၍ ရောက်ချလာသည်။ ရောက်ရောက်ခြင်း မှာထားသည့် စားစရာများကို စားနေသည်မှာ သူ့အိမ်ကအငတ်ထားသည့်အတိုင်း။ ကိုယ်ရှိနေသည်ကိုလည်း သတိထားမိသည့်ပုံမပေါ်။ သူ့ရှေ့ရှိစားစရာများ အတော်အသင့်ကုန်သွားပြီးတော့မှ .....

"ရော့ ဒီမှာ နင်တို့အတွက် ကိုယ့်ဘာသာ ခွဲယူလိုက်ကြ။ အယ်..သူကဘယ်သူကြီးလဲ "

မယ်မင်းကြီးမက ကိုယ့်ကိုခုမှ သတိထားမိသွားသည်။ ကိုယ်လည်းသူ့ကို စိုက်ကြည့်နေလိုက်တယ်။ ဘယ်ရမလဲ ကိုယ့်လောက်ချောတဲ့ရုပ်ရည်ကိုမှ မမြင်ပဲ အစားပဲနင်းကန်စားနေတာကို။

About Of LoveWhere stories live. Discover now