Part _20

231 2 0
                                    

About of love >>>>>>

မီးရောင်တဖြတ်ဖြတ်နဲ့  တက်ကြွနေတဲ့ သီချင်းသံတွေ ၊ကခုန်နေတဲ့ သံစဉ်တွေ ညနက်လာလေလေ အသက်ဝင်ပီပြင်လာလေဖြစ်တဲ့ 𝗥𝗢𝗢𝗠 𝗯𝗮𝗿 ...

အထက်တန်းဆန်တဲ့ အပြင်အဆင်နဲ့ အေးဆေးငြိမ့်သက်တဲ့ ပတ်ဝန်းကျင်မှာတည်ရှိနေသည်။ အလှအပနဲ့ အရှိုက်အမောက်တို့ကို ပေါ်လွင်နေတဲ့ အလှတရားနဲ့ အမိမဒီတို့ကလည်း ကန်ရေပြင်ကြည်က ကြာပွင့်ကလေးများနှယ်...

အရောင်အသွေးစုံလင်တဲ့ ထိုနေရာရဲ့ ချောင်ကျတဲ့ တစ်နေရာမှာ ယမကာတစ်ခွက်ရှေ့ချကာ ‌ခြေတစ်ဖက်ချိတ်၍ စီးကရက်တစ်လိပ်ကို ဟန်ပါပါခဲနေသည့် အမျိုးသားတစ်ဦး ...

မည်သူ့မှ ဂရုမစိုက်စွာ မျက်နှာထားတင်းတင်းနဲ့ရှိနေသည့်ထိုအမျိုးသားထံသို့ ကျရောက်နေသည့် မျက်ဝန်းမျိုးစုံတို့လည်းရှိနေသည်။

"ဟေး ဘရို! ဘယ်ကမျက်စိလည်လမ်းမှားပြီး ရောက်လာပါလိမ့်ကွာ "

အသံနဲ့အတူရောက်လာသည်က အရင်ကတည်းကလည်ပင်းဖက်ပေါင်းလာသည့် ခန့်ညားဒီပ နှင့် သူ့၏ဘေး၌ယှဉ်တွဲလျှောက်လာသည်က မင်းစောအာကာ...

ခန့်ညားဒီပနှင့် မင်းစောအာကာက သူငယ်စဉ်ကတည်းက ပေါင်းလာသည့် အတွင်းသိအဆင်းသိများဖြစ်သည် ။ အသက်ပြည့်ပြီးကတည်းက သူတို့သုံးယောက်အားတွေ့ချင်လျှင် သည်နေရာတွင်ပင်လာရှာနိုင်သည်။ ဤဘားတွင်စထိုင်ဖြစ်သည့် အကြောင်းအရင်းများထဲမှတစ်ခုက ဤနေရာသည် ခန့်ညား အကိုဖြစ်သူပိုင်သဖြင့် ကိုယ်ပိုင်သည့် ကိုယ့်နယ်မြေမှာ အရှုပ်အရှင်းကင်းကင်း လှုပ်ရှားကြသည့် သဘောသာဖြစ်သည်။

"ဟျောင့်ကြီး ဘာတွေဖျော်နေတာလဲကွ ?? တစ်ယောက်တည်း ကိုင်နေတာလား ငါတို့ကိုတောင် မစောင့်ဘူး"

"ဘာမှမဟုတ်ပါဘူး! နည်းနည်းပါးပါးပါ မင်းတို့ကောင်တွေက နောက်ကျလှချည်လား !"

"ငါတို့ကနောက်မကျပါဘူး မင်းသာစိတ်စောနေတာ"

ခန့်ညားနဲ့ မင်းစောက ဘေးရှိနေရာလွတ်မှ ဆက်တီပေါ်သို့ ဝင်ထိုင်သည်။
မိုးလွန်းသည် ဆေးလိပ်ကိုသာ သောက်မြဲဆက်သောက်နေသည်။ ပတ်ဝန်းကျင်ရှိအရာအားလုံးကိုမေ့ထားလျှက် အခိုးအငွေ့များကို အဆုတ်တွင်းသို့ ရှိုက်ဖိုနေလိုက် လေထုထဲသို့ လွှတ်တင်လိုက်နှင့် သာယာမှုကိုခံစားနေသည်။

About Of LoveWhere stories live. Discover now