Part-19

47 1 2
                                    

About of love>>

" အစိုင်း ...နေခဲ့ချင်လား..."

စိုင်းနွန်းခေါင်က ဘာမျှပင် တစိုးတစိ ပြန်မပြောပဲ သူ့အမျိုးသား မျက်နှာကိုပင် အသက်ရှုမှားလောက်အောင် ကြည့်နေသည် ။

မိုးဝေမင်းမောင် ရဲ့ အလုပ်က ပြဿနာ တစ်ခုတက်နေတာကြောင့် အချိန်မတိုင်မှီ Newzeland ပြန်ရန် အကြောင်းဖန်လာခဲ့သည် ။

"အစိုင်း နေချင်ရင်နေခဲ့လေ..... တစ်ပတ်လောက်နေမှ လိုက်ခဲ့ပေါ့ ....ဟင်..."

သူ့အမျိုးသားကတော့ ဆုံးဖြတ်ရခက်နေပါသေးသည် ။ အရာရာမှာ ပြတ်သားတဲ့ စိုင်းနွန်းခေါင်က မိုးဝေမင်းမောင် နဲ့ သူ့ချစ်သမီးလေး ကြားမှာတော့ အမြဲတမ်း မရွေးချယ် ချင်ခဲ့ပါ ။

ဒေါက် ဒေါက်

"Daddy မီးငယ် ဝင်ခဲ့မယ်နော် ..."

"ဝင်ခဲ့ မီးငယ် .."

တံခါးခေါက်သံနှင့် အတူ ထွက်လာတဲ့ မီးငယ်ရဲ့ ခွင့်တောင်းသံကို daddy က ခွင့်ပြုသည် ။

"ပါပါး...."

ခယောင်းငယ် အခန်းထဲကို ဝင်ခဲ့တော့ ကုတင်ခြေရင်းမှာ ရှိတဲ့ နှစ်ယောက်ထိုင် ဆိုဖာပေါ်မှာ ဦးစိုင်းနွန်းခေါင်က အဓိပ္ပာယ်ဖော်ရခက်တဲ့ ပုံသဏ္ဍာန်နဲ့ ရှေ့တည့်တည့်က ပြတင်းတံခါးထံသာ အကြည့်ပို့ထားသည် ။ ထိုသူရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း ဆိုဖာပေါ်မှာ တင်ပါးလွှဲထိုင်နေသည်က ဦးမိုးဝေမင်းမောင် ...

ဦးစိုင်းနွန်းခေါင်ထက် အသက်ငါးနှစ် ပိုငယ်သည့် ဦးမိုးဝေမင်းမောင်က အခုမှ အသက်သုံးဆယ်စွန်းစွန်းလေးသာရှိသေးသည် ။ ပြည်တွင်း၌သာမက နိုင်ငံရပ်ခြားမှ အမျိုးသမီးတို့ရဲ့ အနာဂတ်လက်တွဲဖော် စံချိန်စံညွှန်းပြည့်မှီနေသည့် ထိုအမျိုးသားက " အစိုင်း " ဆိုတဲ့ လူတစ်ယောက်တည်းရဲ့ မျက်နှာသာ ကြည့်သည် ။

ခယောင်းငယ်က ဦးစိုင်းနွန်းခေါင်ရဲ့ ခြေထောက်နားမှာပဲ ထိုင်ချလိုက်သည် ။ ထို့နောက် အဖေဖြစ်သူရဲ့ ဒူးခေါင်းပေါ်မှာပဲ မေးလေး တင်ထားသည် ။

ဘေးကကြည့်နေသည့် မောင်ဆိုသော အမျိုးသားက အလိုက်တသိပင် ဆုပ်ကိုင်ထားသော လက်အား လွှတ်ပေးလိုက်သည်။

About Of LoveWhere stories live. Discover now