About of love >>>>ခရီးသည်လေးဦးပါတဲ့ ကားလေးက high way လမ်းမထက်မှာ ငြိမ်သက်စွာ တရွေ့ရွေ့သွားလာနေတယ် ......
ဘေးနားက အုပ်ဆိုင်းဆိုင်းအပင်တွေက အနောက်မှာ ကျန်ခဲ့ပေမယ့် နောက်ထပ်အသစ်အသစ်သော အပင်တွေက ရှေ့မှာ ပေါ်လာပြန်တယ်....
ပြတင်းပေါက်က တိုးဝင်လာတဲ့ လေအေးအေးလေးတွေရဲ့ အဆိုအရ ဒါဟာ ခရီးရောက်လုပြီဟု ပြောနေသလို....
တောင်တက်လမ်းတွေရဲ့ ဘေးက လမ်းဘေး နေကြာ ဝါဝါလေးတွေက လမ်းတစ်လျှောက် အပြိုင်အဆိုင် ပွင့်နေကြသည်.....
"မီးငယ်.....လက်ရှည် ထပ်ထား အအေးမိလိမ့်မယ်...."
"ဟုတ်မေမေ..."
သူမက ဆွယ်တာ လက်ရှည်လေးကို ထပ်ဝတ်လိုက်ပြီး ဘေးဘီရဲ့ အလှအပကို ခံစားနေတယ်...
မကြာမှီ ကားလေးက မြေနီလမ်းလေးတွေကို ဖြတ်မောင်းပြီး ကော်ဖီခြံတွေကို ဖြတ် ၊ ပြောင်းဖူးခင်းတွေကို ဖြတ်ပြီး ခနအကြာမှာတော့ ခြံအကျယ်ကြီးတစ်ခုရဲ့ ဆင်ဝင်အောက်မှာ စက်ရပ်လိုက်သည်....သူမတို့ ကားလေးရပ်သွားတော့ ကောင်မလေး တစ်ယောက်နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက် ရောက်လာပြီး ကားထဲက အထုပ်တွေကို ဝိုင်းကူချပေးချသည်။
သက်လတ်ပိုင်းအရွယ် အမြိုးသား က ကားထဲက ဆင်းလာသည့် အမျိုးသား နှစ်ယောက် ကိုကြည့်၍
"ဟာ ဒီတစ်ခါတော့ လူစုံပါလားဟေ..."
"ဟုတ်တယ် ဦးစောရဲ့ နားရက်ရတုန်းလေး လာရတာလေ....."
အစိုင်းက စကား ပြောနေရင်းနဲ့ အိမ်ထဲဝေ့ကြည့်နေတာကို ဦးစောက အလိုက်တသိနဲ့
"ဝင်သွား ဝင်သွား အထုပ်တွေ ဦးစောတို့ သယ်ခဲ့မယ်... အထဲမှာ မမကြီး ကသူ့မြေးနဲ့ သူ့သားသမီးတွေ လာမယ်ဆိုလို့ မျှော်နေတာ သွားလိုက်...."
"ဟုတ် အဲ့တာဆို သွားပြီနော်...... "
သူဧည့်ခန်းထဲကို ဝင်လိုက်တော့ ဆယ်ကျော်သက် ကောင်မလေး က သူ့အဖွားကို ဖက်ပြီး စကားတွေတတွတ်တွတ်ပြောနေပြီး ဘေးက လူတွေက အသောတကျရယ်နေသည်...
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....