About of love >>>>>
နှုတ်ခမ်းဖျားက မှုတ်ထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ့တွေ....... ခပ်ရဲရဲပွင့်နေတဲ့ နှင်းဆီပင်တွေဘေးမှာ ဟန်ပါပါ စီးကရက်ရှိုက်နေတဲ့ အမျိုးသားက အရှိုင်းမဆန်ပဲ ထည်ဝါမှုနဲ့ ကြည့်ကောင်းနေတယ်......
Self study ချိန်ပေးထားတဲ့အတွက် ကျောင်းမတက်ရသည်မှာ သုံးရက်လောက်ပင်ရှိတော့မည် ။ သုံးရက်လုံးလုံး စိတ်တွေစုစည်းမရ ပင်ကိုယ်ညဏ်ကောင်းလွန်းသူက ခုတော့ စာကျက်မရဖြစ်နေသည် ။ မဖြစ်ဘူး တစ်ခုခု တော့ကြံအုံးမှ......
ထို့နောက် သူအကြံရကာ စားပွဲပေါ်က စာအုပ်တွေကိုယူပြီး ဂိုထောင်ထဲက စီးတော်ယာဥ်ကိုထုတ်ယူနေတုန်း...."မိုးလွန်းနောင်...... ဒါက ဘယ်သွားအုံးမလို့လဲ.....စာမေးပွဲက နီးနေပြီ စာလေးဘာလေး လုပ်ဖို့ စိတ်ကူးမရှိဘူးလား......"
"ဟာ...တီလေးကလည်း သားက စာနားမလည်လို့ သွားမေးမလို့ပါ...."
ထိုသို့ပြောတော့ တီလေးက အနားထိရောက်လာကာ......
"စာမေးချင်ရင် ကိုစစ်ဆီသွားမေးလေ....
ဆိုင်ကယ် တောင် ယူစရာမလိုဘူး.....""ဟာ.......သူမရှိဘူး သူလည်း စာမရလို့တဲ့ ရတဲ့သူဆီ လစ်ပြီ......
သွားတော့မယ် တီလေးရာ...သားစာကျက်ချိန်တွေ လျော့ကုန်လိမ့်မယ်....""အေး....မိုးလွန်းနောင် ဟုတ်လို့ကတော့ မဟုတ်လို့ကတော့ ငါနဲ့တွေ့မယ်......"
"သားကိုယုံပါဗျာ....မဟုတ်တာ ဘာမှမလုပ်ဘူး....ပြန်လာရင် မုန့်ဝယ်ခဲ့မယ်..
သွားပြီဗျို့....."သူပြောပြီးပြီးချင်း ဆိုင်ကယ်မောင်းထွက်လာခဲ့ပေမယ့် ကျန်ခဲ့တဲ့ အပျိုကြီးက ပွစိပွစိ လုပ်နေဆဲ.....
သူရဲ့စီးတော်ယာဥ်က ခြံရဲ့ အေးမြမြအရိပ်အောက်မှာ စာထိုင်ကျက်နေတဲ့ ခယောင်းရှေ့မှာ ရပ်သွားခဲ့တယ်....
အိမ်နေရင်း ဂါဝန်ရှည် ခရမ်းနုရောင်လေးနဲ့ ဆံပင်ကို ခပ်မြင့်မြင့်စီးနှောင်ထားတဲ့ သူမက သူလာတာမြင်တော့ အံ့သြရိပ်တို့ ဖြတ်ပြေးသွားခဲတယ်....သူ့ဘေးနား ဝင်ထိုင်လိုက်တဲ့ ကျွန်တော့်ကို.....
"ဘယ်လို မျက်စိလည်ပြီး ရောက်လာတာလည်း....."
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....