About of love. > > > >
"မောင့်အစိုင်း တို့များနော် အပြောင်းအလဲမြန်လိုက်တာ...
လေယာဉ် ပေါ် တုန်းကတော့..
မောင့်ကို အချစ်ဆုံးပါ...
မောင်က အသည်းတစ်ခြမ်းပါဆို....
ဒီက ခရီးပန်းနေတာတောင် သူ့ရဲ့ မီးငယ်ကို သွားကြိုချင်တယ်ဆိုလို့ မနားနိုင်ပဲ လိုက်ပို့ရတယ်....
ဟော....အခုတော့ လူသုံးယောက် ရှိတာကို မောင်က တစ်ယောက်တည်း အထီးကျန်နေရတယ်....
အေး...အဲ့လိုကြပ်ကြပ်လုပ်ဗျ....
ညကျမှ မထနိုင်အောင် လုပ်ပစ်မယ်..."အော်...ဒီကလေးနှယ်တော့ သူ့ကိုရှေ့ခန်းမှာ တစ်ယောက် တည်း ကားမောင်းခိုင်းပြီး နောက်ခန်းမှာတော့ ကိုယ်က မီးငယ်နဲ့ စကားဖောင်ဖွဲ့နေတော့ ကိုယ်တော်က သူ့ဂရုမစိုက်ဘူးထင်နေပြန်ရော...
ကိုယ်ကတော့ မမောင်းတာကြာတဲ့ ဒီလမ်းတွေကို ထိခိုက်မှာပူလို့ အာရုံမများအောင် သူ့ကို စကားဝိုင်းထဲ ဆွဲမသွင်းတာကို ကောက်တော်မူနေရဲ့..
သူဆိုတာ အဲ့လိုလူမျိုး ကောက်ရင်တောင် သူကောက်ကြောင်း ထုတ်ပြလိုက်ရမှ ကျေနပ်တတ်တဲ့သူ...."မောင်.... သမီးရှေ့မှာ ဘယ်လိုပြောနေတာလဲ မင်းနော်....သမီးက အရွယ်ရောက်နေပြီ... စကားပြော ဆင်ခြင်ပါ.. "
ကိုယ်က ဒေါသသံမပါပေမယ့် ကလေးရှေ့မှာ မပြောသင့်တာ မပြောအောင် မျက်နှာထား တည်တည်နဲ့ ပြောလိုက်တော့ ကိုယ်တော်က ပတ်ခနဲ့ပြန်ပြောတယ်...
"အစိုင်းပဲ မသိတာ....
အစိုင်းသမီး အရွယ်ရောက်တာကြာပြီ...
မောင့်ကိုတောင် နှပ်ချသွားတာ...
မောင့်ထက်တောင် လည်ပါ့...""daddy မောင်..... မီးငယ် ပါးပါးကို သွေးမထိုးပါနဲ့...."
မီးငယ်က စိတ်ကြည်နေတဲ့ အချိန်တို့ စချင့တဲ့ အချိန်တို့ဆို အစိုင်းခေါ်သလို မောင်ဆိုတဲ့ နာမည်ကို ထည့်ပြီး daddyမောင် လို့ ခေါ်တတ်တယ်....
"အေးဗျ ကျုပ်က သွေးထိုးတာမဟုတ်ဘူး...ကျုပ်ရဲ့ အစိုင်းကို ခင်ဗျားက အပိုင်စီးထားတာကို ...
ရောက်တာတောင် တစ်ရက်မပြည့်သေးဘူးစိုင်းနွန်းခေါင် တို့က ကျုပ်ကိုပလစ်တာ ဘယ်နှစ်ခါရှိပြီလဲ...."
YOU ARE READING
About Of Love
Short Storyအချစ်ဆိုတဲ့ အရာက တစ်စုံတစ်ယောက်စီတိုင်းမှာ ပုံစံတစ်မျိုးစီနဲ့ လာတယ် ။မင်းအတွက်လာတဲ့ အချစ်ကတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်ချင်တယ် .....