☠️ Part 5 ☠️

19.7K 2K 295
                                    

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

ကျောင်းပြန်တက်ရတဲ့နေ့မို့ Jimin တစ်ယောက် အခါတိုင်းထက်ပိုပြီး တက်ကြွနေသည်။ အကြောင်းကတော့ ကျောင်းမှာစောင့်နေတဲ့ သူ့လူကြီးကြောင့်ပင်။ နားထဲမှာလည်း "ကျောင်းမှာဆုံမယ်"ဆိုတဲ့ စကားကိုထပ်တလဲလဲကြားက ရင်တွေခုန်မိနေ၏။

"အဟမ်းJiminie အရမ်းတွေပြုံးနေတယ်နော်။"

ချောင်းဟန်ကာ သတိပေးသလို ဆိုလိုက်တဲ့ Taehyung ကြောင့် Jimin မျက်နှာပိုးသတ်လိုက်ရသည်။ မဟုတ်ရင် Taehyung ဟာအကင်းပါးတဲ့သူ မဟုတ်လား။

ကျောင်းရောက်တော့ ခုံမှာထိုင်ပြီး အိပ်နေတဲ့ Yoongi ကြောင့် Jimin ပြုံးမိသည်။ ဘေးမှာ၀င်ထိုင်လိုက်တော့ သူရောက်လာတာ သတိထားမိတယ် ထင်ပါရဲ့။ ချက်ချင်းထလာလေ၏။

တစ်ယောက်ထဲအိပ်နေတုံး နှားခေါင်းထဲတိုးဝင်လာသည့် ကိုယ်သင်းရနံ့လေးကြောင့် သူအိပ်နေရင်းကောက်ထလိုက်သည်။ ဒီရနံ့ဟာ ဘယ်သူ့ဆီကလဲဆိုတာ သူမှတ်မိနေတာမို့ နှုတ်ခမ်းပါးတွေဟာလည်း အလိုလိုကွေးညွှတ်နေမိ၏။ ဘေးကအရုပ်လေးကလည်း ဒီနေ့မှပိုချစ်စရာကောင်းနေသလိုပါပင်။

စောသေးတာမို့ အတန်းထဲမှာ သူတို့လေးယောက်ရယ်။ စာဂျပိုးကျောင်းသားတွေကတော့ စာလုပ်နေတာမို့ သူတို့ကိုတောင် အာရုံရပုံမပေါ်ချေ။

"ယောင်းငယ် Jiminie အအေးသောက်ချင်တယ်။"

"ခုနကပဲ အိမ်မှာမုန့်စားခဲ့တယ်လေ Jiminie ရယ်။"

"အခု အအေးသောက်ချင်တာလို့..."

Puppy Eye တွေထုတ်သုံးတဲ့ အစ်ကိုလုပ်သူကို ယောင်းငယ် မလွန်ဆန်နိုင်။ ဒါကြောင့်မို့လည်း အအေးသွား၀ယ်ပေးရန် ထွက်သွားလေရဲ့။

ညီလုပ်သူလည်းထွက်သွားရော ချက်ချင်းသူ့ဘက်လှည့်ကာ မျက်လုံးတွေ မှိတ်သည်အထိ ပြုံးပြလာတဲ့ မူကြိုကလေးလေး။ သူသိတာပေါ့။ သူ့ညီအရှေ့မို့ လူကိုတမင်မခေါ်တာ။ အခုလည်းသူ့ညီကို တမင်ပထုတ်လိုက်တယ်ဆိုတာရော ဒီကလေးလေးအကြံတွေသူအကုန်သိသည်။

"ရော့။"

သူ့အရှေ့ကို ထုတ်ပေးလာတဲ့ ဘောပင်လေးတချောင်း၊ သူပြောတဲ့အတိုင်း အရုပ်သေးသေးလေးတွေ ပါသေးတာမို့ သူပြုံးမိပါရဲ့။ တကယ်ပဲ သူတောင်းတဲ့အတိုင်း ပြန်ဝယ်လာပေးတာပဲ။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now