Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
Jungkook Message ရရပြီးခြင်း Taehyung အနောက် ပြေးလိုက်သော်လည်း မြင်ကွင်းအရှေ့မှာတင် ပျောက်သွားတာမို့ Jungkook ချက်ချင်း Wolf ပုံစံပြောင်းကာ မြို့တစ်ခုလုံးပတ်ရှာတော့သည်။ သို့သော် အချိန်တွေသာ ကုန်လာ၏။ Taehyung ရဲ့အရိပ်မျှတောင် မမြင်ရတာမို့ စိတ်ပူမှုဟာ ဟိုးဂိတ်ဆုံးပင်။
ဖုန်းတွေက်ဆက်နေသော်လည်း စက်ပိတ်ထားသည်နဲ့သာတိုးပြန်သည်။ Taehyung အဖိုးဆီ လှမ်းမေးသော်လည်း ပြန်မရောက်သေးကြောင်းသာ ပြောလာတာမို့ စိတ်ပဲတိုရမလား။ ဒေါသပဲထွက်ရမလား။ ဝေခွဲမရချေ။
"ကျစ်...Babe မင်းကွာ။"
သူမရည်ရွယ်ဘူး။ သူအဲ့ဒီလောက်ထိဖြစ်သွားဖို့ မရည်ရွယ်ခဲ့ဘူး။ ဘေဘီလုပ်သလို ပြန်လုပ်ဖို့ပဲ တွေးခဲ့မိတာ။ တခြားဘာစိတ်မှာသူ့မှာမရှိသလို။ သူ့ဘေဘီကိုဘယ်နည်းနဲ့မှ လမ်းခွဲပေးမည်မဟုတ်။ သူသိပ်ချစ်ရသည့် သူ့အိုမီဂါအား အဘယ်ကြောင့်များ သူ့ထားခဲ့ရက်နိုင်မှာလဲ။ ဒါတောင်ဘေဘီကသူ့အနားကနေ ဘာလို့များထွက်ပြေးချင်နေရတာလဲ။ သူမသိတော့။ သူဘာကိုမှမသိတော့။
တောထဲကအပင်တွေကို စိတ်ကြိုက်ဖျက်စီးပြီး သောင်းကျန်းနေတာကြောင့်လက်တွေမှာတင် သွေးတွေဟာမြင်မကောင်းအောင်ပင်။ စိတ်ရှိတိုင်းသာ သောင်းကျန်းနေတာမို့အပင်တွေဟာလည်း ဟိုတစဒီတစနဲ့ ပျက်စီးနေပြီ။
"Jeon Jungkook"
အနောက်ကနေ ကြာရတဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကို့ စိတ်ပျက်စရာကောင်းလောက်အောင် ရပ်ကြည့်နေတဲ့ Taehyung ပင်။ Jungkook လည်း ချက်ချင်းလူပုံစံပြန်ပြောင်းကာ Taehyung အားပြေးဖက်တော့သည်။
သို့သော် အက်မခံတဲ့ Taehyung ကတော့ Jungkook အား ခါးခါးသီးသီးပင် တွန်းထုတ်လိုက်လေရဲ့။
"Babe!!!"
"မထိနဲ့။ ငါ့အသားကို။"
"Babe!! မင်းအရင်စတာလေ။"
"ငါတစ်ခုခုလုပ်တိုင်း ဘာလို့လုပ်တာလဲ မင်းတစ်ကြိမ်လောက်မေးဖူးလား။"
"မေးဖို့လိုလား။"
Jungkook စကားကြောင့် Taehyung မျက်ဝန်းတွေဟာ အနီရောင်ပြောင်းလဲသွားလေရဲ့။