Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
Yoongi လည်း Jungkook အား ဖြစ်ကြောင်းကုန်ဆင် ပြောပြရင်း တိုင်ပင်လေရဲ့။ အခုဆို ပေါ်တင်ပါတိုက်ခိုက်လာတဲ့ Bim လူတွေကြောင့် အနည်းနှင့်အများတော့ သတိထားမှဖြစ်မည်မဟုတ်လား။
"Yoongi ဖြစ်နိုင်ရင် မင်းငါတို့နဲ့လာနေကွာ။ မင်းတိုက်ခန်းလည်း ပိတ်ထားလိုက်တော့။"
"ဘာလို့အဲ့ဒီလောက်တောင် စိတ်ပူနေရတာလဲ။ ငါ့အတွက်စိတ်ပူမနေနဲ့။"
"မင်းကသာပြောနေတာ။ အဖိုးသာသိရင် မလွယ်ဘူး။ Bim ဆိုတဲ့ကောင်အကြောင်း မင်းမသိတာမှတ်လို့။"
"တော်ပြီကွာ။ မင်းကိုသိစေချင်လို့ လာပြောပြတာ။ ငါအိပ်တော့မယ်။"
"ဒီမှာပဲအိပ်တော့ ကြားလား။"
"အေး။ ကြားတယ်။"
Yoongi ထွက်သွားတော့ Jungkook လည်း Bim အကြောင်းတွေးကာ ဘာလုပ်ရင်ကောင်းမလဲ စဥ်းစားခန်းဖွင့်နေလေရဲ့။ သူ့အနေနဲ့က ဟို Omega နှစ်ယောက်ကိုလည်း စိတ်မချနိုင်တာမို့ တစ်ခုခုများဖြစ်သွားခဲ့ရင်ဆိုပြီးတွေးတောကာ စိတ်ရှုပ်ရလေ၏။
Jungkook စဥ်းစားခန်းဖွင့်နေတုန်း နေ့လည်ကအဖြစ်အပျက်တွေ ခေါင်းထဲပြန်ရောက်လာတော့ သဘောတကျ ရယ်မိပြန်သည်။ ကိုယ့်ကို လာစမ်းတဲ့ကောင်လေးကို အပြစ်ပေးချင်တာနဲ့ မက်မွန်သီးလေးကို အားရပါးရ ညှစ်လိုက်တော့ ငိုမဲ့မဲ့ရုပ်လေးက ချစ်စရာအတိ။
သူ့မှာလည်း ဘေဘီ Omega လေးကို အသည်းယားလိုက်တာ ရူးတော့မလိုပါပဲ။
•
•
•
Taehyung တစ်ယောက် အိမ်ရောက်တော့ Jungkook လက်ချက်ကြောင့် တစ်ကိုယ်လုံးရှိန်တိန်းတိန်းနှင့် ဖျားချင်သလို။ တင်ပါးက တချက်ချက် နာနေတာမို့ ငိုချင်စိတ်ကလည်းတဖွားဖွား။
ဘယ်လောက်ပဲသန်မာသည့် Omegaဖြစ်နေပါစေဦး။ Omega ဖြစ်သည်ဆိုတာနှင့် ဝမ်းနည်းလွယ်တက်သည်။ အထိခိုက်လွယ်တက်သည်။ ဒါကတော့ Omega တိုင်း၏သဘာဝပင်။
"ကျစ်...ဘဲကြီးအစုတ်ပလုတ်။ ငါတော့ဖျားတော့မယ်ထင်တယ်။"
Taehyung ခပ်တိုတိုးညည်းရင်း အ၀တ်စားတွေချွတ်ကာ ရေချိုးခန်းထဲ ၀င်ပြီး လန်းဆန်းသွားအောင် ရေချိုးချလိုက်သည်။ အကြာကြီး ရေချိုးလိုက်တော့မှ လူဟာနည်းနည်းလန်းသွားသလို။
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)