Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
ရုံးချိန်းမှာ သူတို့ကုမ္ပဏီကတင်ပေးလိုက်သည့် ဆေးတွေဟာ အစစ်မဟုတ်ပဲ အတုတွေဖြစ်နေကြောင့် ရုံးတော်အား အချက်အလက်တွေတင်ပြနိုင်ခဲ့လေ၏။ ဒါကြောင့် အဖိုးအားအာမခံနှင့် အိမ်ပြန်ခေါ်လာနိုင်ခဲ့လေသည် ။ အဖိုးကလည်း အင်မတန်ဝမ်းသာနေသလို သူတို့အားလုံးလည်း ပျော်နေကြလေရဲ့။
ယောင်းငယ်ကတော့ သူ့အဖိုးနားနေမခွာတော့။ အဖိုးဘေးနားကပ်နေပြီး အခါတိုင်းဂျစ်ကျတက်တဲ့ကောင်လေးက အခုတော့အဖိုးအားလွမ်းကြောင်းပြောပြရင်း တရှုံ့ရှုံ့ငိုနေပြန်သည့် ကလေးပေါက်လေးပင်။ သူတို့အိမ်၌ အဖိုးMinနှင့် အဖိုးJeonတို့လည်းရောက်နေတာမို့ လူကြီးတွေစကားပြောရန် ကျွန်တော်တို့လည်း အလိုက်တသိ ရှောင်ပေးလာလိုက်လေ၏။
"ဟန်နီပေါက်လေး ပျော်နေတယ်ပေါ့။"
"ပျော်တာပေါ့။ အဖိုးကိုအခုမှ အနားမှာပြန်ထားခွင့်ရတာလေ။ မပျော်ပဲနေမလားဗျ။"
"ကိုယ်သိပါတယ်။ ဟန်နီလည်း ဒီရက်တွေထဲ အတော်လေးပင်ပန်းခဲ့တယ်မဟုတ်လား။ အခုအဖိုးပြန်လွတ်လာပြီဆိုတော့ နောက်နေ့တွေ ကျောင်းပြန်တက်ပြီး နားနားနေနေ နေတော့နော် ဟန်နီ။"
"Darling~"
သူ့စကားဆုံးတော့ သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့ ဟန်နီပေါက်လေးဟာ ချွဲတက်လိုက်တာလွန်ပါလေရော။
"အင်း...ကိုယ်နားထောင်နေတယ်။"
"ဒီအမှုက ပြောသလောက်မလွယ်ကူဘူးထင်တယ်။ အခုလည်း တဖက်ကဘာတွေကြံနေသေးလဲမသိဘူး။ ငြိမ်နေတာကပိုကြောက်ဖို့ကောင်းတယ်ဒါလင်။
"ကိုယ်လည်းတွေးမိတယ်။ Bim ဆိုတဲ့ကောင်က ကျိန်းသေပေါက် တခုမဟုတ်တခုကြံနေမှာသေချာတယ်။ ဒီတော့ကိုယ်တို့ဘက်က သတိကြီးကြီးထားဖို့လိုတယ်ဟန်နီ။ ဒီလူကိုလျှော့တွက်လို့မရဘူး။"
"ဟူး...ရင်တွေလေးလိုက်တာ။ မကောင်းတာ တခုခုဖြစ်တော့မယ်လို့ခံစားနေရတယ်။"
"ပင်ပန်းနေလို့ စိတ်ထင်နေတာပါ။ Honey ကောင်းကောင်းအနားယူဖို့လိုပြီ။ ဘာမှလျှောက်မတွေးပဲ အေးဆေးအနားယူပါဟန်နီ။"