Unicode ✅
// Extra //
လသာဆောင်မှာ ရပ်နေတဲ့ သဲငယ်ဟာ လေတိုက်တာကို သဘောကျနေဟန် မျက်လုံးလေးတွေ မှိတ်ထားပြီး တပြုံးပြုံးနှင့်ပင်။
အနောက်ကနေ အသာလေး သိုင်းဖက်လိုက်တော့ ကိုယ့်ပါးကို ခပ်ဖွဖွလေး လှည့်နမ်းလေသည်။ ပြီးတာနှင့် အရှေ့တည့်တည့်အား ပြန်လှည့်ကာ မျက်လုံးတွေ မှိတ်ထားပြန်၏။
"အေးတယ် သဲငယ်ရဲ့။ မကြာခင်မိုးရွားတော့မှာ။"
"ဂျွန်ကလည်း ကျွန်တော်ကမိုးမရွာခင်တိုက်တဲ့ လေစိမ်းလေးတွေကိုသဘောကျလို့ လာထွက်ရပ်နေတာကို။"
"အခုတော့ ကိုယ်တို့အထဲ၀င်ရအောင်နော်။
"ဟင့်အင်း။ ခဏထိုင်အုံးမယ်။ လာ။ အတူတူထိုင်မယ်။"
သူ့လက်ကိုဆွဲကာ ခုံတန်းလျားမှာ ၀င်ထိုင်သည်။ ခဏကြာတော့ သူ့ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်လာတာမို့ သူ့လက်တွေဟာလည်း အလိုက်တသိ သဲငယ်ရဲ့ ဆံနွယ်တွေအား ထိုးဖွပေးနေမိ၏။ ဒါကိုပင်သဘောကျနေတဲ့ သဲငယ်ကတော့ ပြုံးပြီးငြိမ်ခံလေရဲ့။
"သဲငယ်..."
"ဟင်..."
"ကိုယ့်ကိုယ်စိတ်မဆိုးဘူးလားဟင်။"
"ဟင့်အင်း...ပြီးခဲ့တာတွေ မေ့ပျောက်ပြီး Jeon ကို လူသစ်တယောက်အနေနဲ့ပဲ ချစ်ချင်တာမို့ အတိတ်အကြောင်းတွေ ပြန်မပြောပါနဲ့လား ဂျွန်။"
"အင်းပါ။ သဲငယ် သဘော။"
လွန်ခဲ့တဲ့၆နှစ်က ကျွန်တော် ပျောက်ကွယ်သွားတော့ ယောင်းက ဆေးရုံမှာအလူးအလဲ ခံစားခဲ့ရတဲ့ အကြောင်းတွေပြန်တွေးမိတိုင်း ခုထိ၀မ်းနည်းမိပြီး ယူကျုံးမရ ဖြစ်ရဆဲပင်။
ကျွန်တော် Marina ဆီရောက်သွားခဲ့ပေမယ့် Jimin Hyung ရဲ့ အသက်မြူအိုကြောင့် Marina နဲ့ နောက်တကြိမ်အလဲအလှယ် အောင်မြင်ခဲ့လေသည်။ သို့သော် ထင်သလောက်တော့ မလွယ်ကူခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ လူ့လောကကြီးဆီ ပြန်သွားဖို့အတွက် ကျွန်တော်ရဲ့ မှတ်ဉာဏ်တွေ Marinaဆီ၌ အဖျက်ဆီးခံခဲ့ရသည်။ ဒါဟာMarina ပေးတဲ့ အပြစ်ဒဏ်မို့ ငြင်းဆန်းခွင့်ရှိခဲ့ပေ။ ဒီလိုနဲ့ ကျွန်တော် လူ့လောကြီးထဲပြန်ရောက်တော့ တောထဲကကျွန်တော်ကို သူဌေးကြီး တစ်ယောက်က အမွေစားအမွေခံအဖြစ် မွေစားခဲ့လေသည်။