Unicode
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
တနေကုန်လျှောက်လည်ပြီးတော့ Yoongi နေတဲ့ တိုက်ခန်းလေးကို နှစ်ယောက်သား ပြန်လာလိုက်ကြသည်။ တနေကုန်ပျော်နေတဲ့ Jimin ကိုကြည့်ပြီး Yoongi ပျော်မိသည်။ သူ့ကြောင့် ဆိုသည့်အတွေးနဲ့တင် ကြည့်နှုးမှုမဆုံး...။
တိုက်ခန်းရောက်တော့လည်း အခန်းတစ်ခုလုံးရှင်းနေတဲ့ Jimin ကိုသူမတားမိ။ ကြည့်ရတာ ကျွန်တော်ကလေးက အသန့်ကြိုက်ပုံရ၏။ ဒါကြောင့် သူလည်း Jimin နှင့်အတူ အိမ်သန့်ရှင်းရေး၀ိုင်းလုပ်ပေးလိုက်သည်...။
"Yoongi~~ ရေချိုးလိုက်တော့လေ။ပြီးရင်ကျွန်တော်ချိုးမယ်"
"ဒါဆို ကိုယ်အရင်ချိုးနှင့်မယ်။"
"ကောင်းပါပြီ။"
Yoongi လည်း တဘက်ဆွဲကာရေချိုးခန်းထဲ ၀င်သွားလေရဲ့။ Jimin ကတော့ အခန်းပြင်မှာ သဘောတကျပြုံးရင်း အိတ်ထဲက ပစ္စည်းတချို့ကို ထုတ်ကာခုံပေါ်၌ အသေချာလေးပြင်ဆင်လိုက်သည်။
အခန်းတခုလုံးလည်း သန့်ရှင်းသွားပြီဖြစ်သလို၊ ၀ယ်လာတဲ့ ပစ္စည်းတွေဟာလည်း အဆင်သင့်ဖြစ်နေပြီ။ သူကိုယ်တိုင် အဆင်သင့်ဖြစ်ဖို့သာ ကျန်တော့တာမို့ Yoongi ထွက်အလာကို စောင့်နေမိသည်။ ခဏကြာတော့ တံခါးသံနှင့်အတူ ရေချိုးခန်းထဲကထွက်လာသည့် သူ့၏ Alpha ။
"ပြီးပြီလား။"
"အင်း။ ကလေးလည်း ချိုးလိုက်တော့လေ။"
"၀တ်စရာအပိုမပါလို့။ Yoongi Hoodie တစ်ထည်လောက်ရနိုင်မလား။"
"ရတာပေါ့။ နေဦး။ ကိုယ်ရှာပေးမယ်။ ကိုယ့်အင်္ကျီတွေက Jiminie နဲ့ကြီးနေမှာသေချာတယ်။"
"ရတယ်။ ကြီးတာပဲပေးပါ။ ကျွန်တော်ခပ်ပွပွပဲ ၀တ်ရတာသဘောကျလို့။"
"Okay"
Yoongi လည်းဗီဒိုထဲက Hoodie တစ်ထည်ကို ထုတ်ကာ Jimin အားပေးလိုက်သည်။ အခါတိုင်း အကျီးဆို ကျပ်ကျပ်တွေပဲ ၀တ်နေကြ Jimin ဟာအခုတော့ ခပ်ပွပွလေးပေးပါတဲ့လား။ Yoongi လည်းဘာမှ ဆက်မတွေးတော့ပဲ အ၀တ်စား၀တ်ရင်း Jimin ထွက်အလာကို စောင့်နေလိုက်၏။
Jimin လည်း ရေချိုးခန်းထဲ၀င်ကာ အပြင်သွားတုန်းက ၀ယ်ခဲ့သည့် ရေချိုးအမွှေးဆီ ပုလင်းတချို့အား ထုတ်ကာ ရေချိုးခြင်းစတင်တော့သည်။ ဒီညဟာသူ့အတွက် အလှပဆုံးညတညဖြစ်စေရန် ရေချိုးအမွှေးဆီကို အနံ့ပြင်းတာတွေရွေး၀ယ်ဖြစ်ခဲ့သည်။