Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
"ထွက်သွား!!!"
"ဆေးလေးတော့သောက်လိုက်ပါလူနာ။"
"မသောက်ဘူး။ မင်းတို့ကို ထွက်သွားလို့ပြောနေတယ်လေ!!!"
"ဆေးသောက်ပြီးရင် ကျွန်မတို့ထွက်သွားပေးပါမယ်။အခုတော့ဆေးလေးသောက်လိုက်နော်။"
"အားးး...မသောက်ဘူးလို့!!!"
ဘေးနားရှိ ပစ္စည်းတွေကို ရိုက်ခွဲပြီး၊ လွှင့်ပြစ်နေတာမို့ နက်စ်မလေးတွေလည်း ကြောက်အားလန့်အားဖြင့် အခန်းထဲကနေ ပြေးသွားတော့သည်။ နက်စ်မတွေထွက်သွားတော့ သူဘာမှမလုပ်ခဲ့သလို ပြုံးနေပြန်တဲ့ကောင်လေး။
"ဟွန်း...အရူးတွေ။ ဂျွန်နဲ့စကားပြောနေတာကို အဲ့ဒီအရူးဆေးတွေပဲ လာတိုက်နေတယ်။ နော်...ဂျွန်။"
လက်ထဲက ပန်းရောင်ယုန်အရုပ်လေးကို ကိုင်ထားပြီး စကားပြောနေတဲ့ Taehyung ဟာ Jungkook ထွက်သွားပြီးချိန်ကတည်းက စိတ်ရောဂါခံစားခဲ့ရပြီး ဆေးရုံမှာကုသမှု ခံယူရတော့သည်။
အခုဆို Taehyung ဆေးရုံရောက်နေသည်မှာ တစ်လပင်ကျော်လေပြီ။ ဆေးရုံရောက်ကတည်းက ဘယ်သူနဲ့မှ စကားမပြောတော့သလို။ သူမှတ်မိတဲ့ လူတချို့တော့ စကားအနည်းငယ်ပြောလေ့ရှိသည်။ ဒါကလည်း သူစိတ်ပါမှသာ။
"ဂျွန်။"
သူခေါ်နေသော်လည်း လက်ထဲက ယုန်ရုပ်လေးကတော့ တုပ်တုပ်ပင်မလှုပ်၊ အသံလည်း ထွက်မလာပေ။
"ဂျွန်...ကျွန်တော်ကို စိတ်ကောက်နေတာလားဟင်။"
"အဟင့်...ဘာလို့ပြန်မပြောတာလဲ။"
ပြောရင်းနဲ့၀မ်းနည်းလာတာမို့ ယုန်ရုပ်လေးကို တင်းတင်းကျပ်ကျပ်ကိုင်ထားကာ တအီအီစငိုတော့သည်။ ဂျွန်ကသူ့ကိုစိတ်ကောက်နေတာလား။ ဘာလို့စကားပြန်မပြောရတာလဲ ဆိုပြီး အော်ငိုကာမေးနေသည့် ထယ်ယောင်းဟာ အင်မတန်သနားစရာကောင်းလှ၏။
"ဂျွန်!! အီးးဟီးး။ ဘာလို့...ဘာလို့ပြန်မပြောတာလဲ။ အီးးဟီးး။ ဂျွန်ကကျွန်တော်ကို မချစ်တော့ဘူးမလား။ အီးးဟီးး။ အားးး။"
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)