☠️ Part 9 ☠️

19.4K 1.8K 233
                                        

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊' 𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

ဒီနေ့တော့ Taehyung အိမ်ပြန်မှဖြစ်မည်။ မဟုတ်ရင် Jiminie လေးနဲ့မခွဲနိုင်ပါ။ အခုလောက်ဆို သူ့ကိုသတိရလို့ဆိုပြီး ငိုများနေမလား။ ပြန်သွားရင် စိတ်များကောက်နေမလား။ မဖြစ်သေးပါဘူးလေ။ စိတ်ကောက်ရင်လဲ ချော့ရမှာပဲ။ ကိုယ့်မှာချစ်စရာဆိုလို့ ဒီအစ်ကိုသေးသေးလေး တစ်ယောက်ပဲရှိတာမဟုတ်လား။

"Jimine"

"ယောင်းငယ်။"

လူကိုတွေ့တာနဲ့ ချက်ချင်းပြေးဖတ်တဲ့ Jiminie ဟာ ကျွန်တော်ကို တော်တော်လေး လွမ်းနေတဲ့ပုံပါပဲ။ လောလောဆယ်တော့ စိတ်မဆိုးသေးဘူးထင်ပါရဲ့။ မဟုတ်ရင်ချော့ရသည်မှာမလွယ်။

"ယောင်းငယ်။ ဘယ်တွေသွားနေတာလဲ။ ၃ရက်ကြီးများတောင် ပြစ်ထားတယ်။"

"Jiminie လေးက ယောင်းငယ်ကို လွမ်းနေတာလား။"

"မလွမ်းပါဘူးနော်။ လုံးဝမလွမ်းဘူး။"

စပါပြီ။ အရစ်စိန်လေး စပြီးရစ်ပါတော့မယ်။ ချော့ပေဦးပေါ့ Taehyung ရေ။

"ယောင်းငယ်က Jiminie ကိုလွမ်းနေတာ။"

"လွမ်းရင် ဒီလိုပြစ်မထားဘူး။ အပိုတွေပြောမနေနဲ့။"

"မဟုတ်ရပါဘူးဗျာ။ Wolf တွေအကြောင်း စုံစမ်းနေရလို့ပါ။"

"မသိဘူး။ စိတ်ကောက်တယ်။ ဟွန့်။"

ခြေဆောင့်ပြီး အပေါ်ထပ်ကို တက်သွားတဲ့ Jiminie လေး။ Taehyung ကတော့ သူ့အစ်ကိုသေးသေးလေးကို ကြည့်ပြီးအသဲတယားယား။

အသဲယားတာခဏထား ဘယ်လိုချော့ရပါ့နော်။ မချော့ရင်လည်း မချော့ရကောင်းလားဆိုပြီး ငိုဦးမှာ။

Taehyung လည်း သူ့အစ်ကိုကြိုက်လောက်မယ့် အစားအသောက်တချို့ လှမ်းမှာကာ စောင့်နေလိုက်သည်။ သူ့အစ်ကိုသေးသေးလေးက အစားအသောက်နဲ့ချော့မှ စိတ်ကောက်ပြေတာ သူကောင်းကောင်းသိတယ်မဟုတ်လား။ မှာထားတာတွေ ရောက်လာတော့ အပေါ်ထပ်က Jiminie အခန်းဆီ ဦးတည်လိုက်လေရဲ့။

"Jiminieလေးရေ..."

တံခါးလေးဖွင့်ပြီး အထဲကို၀င်လိုက်တော့ ကုတင်ထက် ဂိမ်းဆော့နေတဲ့ သူ့အစ်ကိုပိစိ။ Taehyung လည်းစားစရာအထုတ်တွေဆွဲကာ Jimin ဘေး၌၀င်ထိုင်လိုက်တော့ သူ့ကိုတစ်ချက်သာကြည့်ပြီး ဂိမ်းပြန်ဆော့နေတဲ့ Jiminie ။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now