Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
လိပ်ပြာတွေ ကျွန်တော်အနားမှာ ၀ဲပျံနေသည်။ ကျွန်တော်၏အသက်အားနှုတ်ယူရန် ရောက်လာသည့် လိပ်ပြာတွေအား ကျွန်တော်တောင်းပန်လို့ရရင် တောင်းပန်ချင်ပါ၏။ အခုချိန်မှာ ကျွန်တော်မသေချင်သေးပါ။ ကျွန်တော်အသက်ထက်ချစ်ရသည့် ကျွန်တော်၏အိုမီဂါအား ဒုက္ခတွေကြားကနေ မကယ်တင်းနိုင်သေးသ၍ ကျွန်တော်မသေးချင်သေးပင်။
လိပ်ပြာတွေအားကြည့်ရင်း သူခပ်တိုးတိုးလေးပြောနေမိသည်မှာ ကျေးဇူးပြုရင် ငါ့ကိုမခေါ်သွားပါနဲ့။ ငါမင်းတို့နဲ့မလိုက်နိုင်သေးဘူး။ ငါချစ်ရတဲ့သူကို ကယ်ရအုံးမှာမို့၊ ကျေးဇူးပြုပြီး ငါ့အနားကနေ ထွက်သွားပေးကြပါလို့ တဖွဖွပြောရင်း လိပ်ပြာတွေအား သူ့အနားကနေထွက်သွားရန် သူအကြိမ်ကြိမ်မောင်းထုတ်နေမိသည်။
သို့သော်။ သူမောင်းထုတ်နေသော်လည်း လိပ်ပြာတွေဟာ သူ့အနားကနေ တဖဝါးမှမခွာသွားပေ။ သူ့အသက်အားနှုတ်ယူရန်သာ သူ့အနားတွင်ဝဲပျံနေလေ၏။
သူမလိုက်နိုင်သေးဘူး။ သူဒီလောကကြီးကနေ ပျောက်မကွယ်သွားချင်သေးဘူး။ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူကိုတော့ ကယ်သွားချင်သေးတယ်။ သူချစ်တဲ့သူနဲ့ ပျော်ရွှင်တဲ့ မိသားစုဘ၀လေးနဲ့လည်း နေချင်သေးတယ်။ ဒါတွေကမဖြစ်နိုင်တော့ဘူးလား။ တကယ်ပဲလက်လွတ်ရတော့မှာလား။
"ထွက်သွားကြ!!!"
"ငါမလိုက်နိုင်ဘူး။ မင်းတို့အားလုံး ထွက်သွား!! ငါ့သက်တမ်း မကုန်သေးဘူး။ ငါအကြာကြီးနေအုံးမှာ။ မင်းတို့တွေ ထွက်သွား!!"
Jungkook အော်ရင်းထွက်သွားခိုင်းတော့ လိပ်ပြာတွေထဲကနေ လိပ်ပြာတစ်ကောင်ဟာ လူတစ်ယောက်အသွင်းပြောင်းသွားသည်။ သူမဟာ တောက်ပတဲ့အသားအရည်နဲ့ အပြာရောင်၀တ်ဆုံကို ၀တ်ဆင်ထားလေ၏။ မျက်လုံးတွေဟာလည်း ပြာလဲ့လဲ့အရောင်နှင့် ညှို့ယူအားပြင်းလှသည်။ သူမကတော့ Wolf တွေရဲ့ အသက်ကို စောင့်ရှောက်တဲ့ Marina ဆိုသူသာပင်။
"Marina..."
"မင်းငါတို့နဲ့လိုက်ခဲ့ပါကောင်လေး။"
