☠️ Part 2 ☠️

26.4K 2.4K 379
                                        

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

"Jungkook"

ဘာလဲဆိုပြီး မျက်ခုံးပင့်ပြတော့ စကားပြောရအောင်ဆိုသည့် Yoongiကြောင့် Jungkookမှာ ကြောင်အန့်အန့်လေး။ Yoongi ဆိုတဲ့သူက တစ်အိမ်ထဲသာအတူတူနေတာ တနေ့နေလို့ စကားတစ်ခွန်းတောင်မပြောဖြစ်ပေ။

အခုတော့ ပြောစရာရှိသည်ဟု ဆိုလာတာကြောင့် ကြည့်ရတာ အရေးကြီးကိစ္စဖြစ်လောက်မည်ထင်၏။

"ဘာပြောမို့လဲ။"

"အတန်းထဲရောက်လာတဲ့ ငါ့ဘေးကကောင်လေးနဲ့ မင်းဘေးကကောင်လေးအကြောင်း ဆိုပါတော့။"

"အဟက်...မင်းလည်းသိတယ်မဟုတ်လား။ သူတို့က Alpha မဟုတ်ဘူးဆိုတာကို။”

"Yep! I know, ငါ့လိုလူကမခွဲတက်စရာလား။ ငါသိချင်တာ သူတို့က သာမန် Omega တွေတော့ မဟုတ်လောက်ဘူးထင်တယ်။"

"DOMINANT OMEGA တွေ။”

"အဲ့ဒီမျိုးရိုးက ကျန်နေသေးတာလား။"

"အင်း မင်းအဖိုး Min မျိုးရိုးနဲ့ အမျိုးတော်စပ်တယ်လေ မင်းမသိတာမဆန်းပါဘူး။ မင်းမှစိတ်မ၀င်စားတာ။ သူတို့က Omega ဆိုပေမယ့် လျှော့တွက်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က Alpha  နီးပါးစွမ်းလို့ပဲ။"

"ကောင်းပြီ။ ငါသိချင်တာသိရပြီဆိုတော့ တက်တော့မယ်၊ မနက်ငါ့ကိုနှိုးပေးဖို့မမေ့နဲ့ဦး။"

"Shiiit Man! မင်းဟာမင်းမထတက်ဘူးလား!"

လှမ်းအော်နေတာတောင် ဂရုမစိုက်ဟန်နဲ့ တက်သွားတဲ့ မင်ယွန်းဂီအား ပြေးသာထိုးပြစ်လိုက်ချင်ပါရဲ့။ သူကနှိိုးရင် တစ်ခါထဲ ထတယ်ဆိုတော့လေ။

ခက်တယ်။ ခက်တယ်။

________________________

"Jiminie ကျောင်းတက်ရတာ အဆင်ပြေရဲ့လား။"

"ပြေပါတယ်ယောင်းငယ်ရဲ့။ ပျော်စရာတောင် ကောင်းသေးတယ်။"

"အင်း။ အခန်းထဲက ကောင်တွေကို လိုတာထက်ပိုပြီး အရောမဝင်နဲ့။ သိတယ်မလား။ ယောင်းငယ်ဘာလုပ်တက်လဲဆိုတာ။"

သူကစတော့ သူ့အကိုမျက်နှာလေးဆူပုတ်လာသည်။ နောက်တော့နှုတ်ခမ်းဖူးဖူးလေးအား ရှေ့သို့ပို့ရင်း သူ့အားပေးစောင်းစောင်းကြည့်ကာ။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Donde viven las historias. Descúbrelo ahora