Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
Jimin ကိုစောင့်ရှောက်သူမှန်း သိလိုက်ရကတည်းက Yoongi တစ်ယောက် Jimin အနားကနေ တဖွားမှမခွာတော့ပေ။ ကျောင်းကိုလည်း ကိုယ်တိုင်လိုက်ပို့သလို။ တနေကုန်လုံးလည်း အနားမှာကပ်နေတက်သည်။ ကျောင်းဆင်းရင်လည်း အိမ်ထိလိုက်ပို့ပေးသလို။ မကြာမကြာ အိမ်မှာညအိပ်တက်လာ၏။
အဖိုးကတော့ သူ့မြေးကိုတုန်နေအောင်ချစ်ပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးတဲ့ Yoongi အားကြည့်ရင်းသဘောကျနေလေရဲ့။ Jimin နှင့် Yoongi အားအသက် 20 ပြည့်ရင် လက်ထပ်ပေးမည်ဟူ၍ အဖိုးတွေတိုင်ပင်ထားကြသော်လည်း Jimin ကလက်မခံချင်။ လွတ်လွတ်လပ်လပ်သာ နေချင်သေးသည်ဟု ပူဆာထားသည်မို့ Yoongi ကလည်း Jimin သဘောအတိုင်းလက်ခံပေးခဲ့လေ၏။
"Yoongi~ မနက်ဖြန်ကျွန်တော်မွေးနေ့နော်။"
"ကိုယ်သိတယ်လေ။ ကဲ...ကိုယ့်ကလေးလေး။ ဘာလိုချင်လဲပြော။"
ပါးဖောင်းဖောင်းလေး နှစ်ဖက်အား အသာလေးဆွဲညှစ်ပြီးမေးတော့ မျက်လုံးတွေ မှိတ်သည့်အထိ ပြုံးရယ်နေတဲ့ သူ့ရဲ့ Omega လေး။ ပြီးတော့မှ ပါးဖောင်းဖောင်းလေးထက် လက်ပုတိုလေးထောက်ကာ တစ်ခုခုကိုစဥ်းစားနေဟန်ပင်။
အသဲယားလိုက်တာ ကိုယ့်ရဲ့ Omega သေးသေးလေးရယ်။
"အွန်း...သိပြီ။"
"ပြောပါဦး။ ဘာလိုချင်တာတုန်း။"
လက်ပုတိုသေးသေးလေးနဲ့ သူ့ရင်ဘတ်ကိုလာထောက်ပြီး ရှက်ပြုံးလေးပြုံးနေရဲ့။ မဟုတ်မှလွဲရော။ အခုသူ၀တ်ထားတဲ့ အင်္ကျီကိုလိုချင်တာများလား။
"ကိုယ့်အကျီလား။"
"ဟွန့် အဲ့အကျီဘာလုပ်ရမှာလဲ။"
"ကလေးပြောတာ ကိုယ်မှမသိတာ။"
"ဒီက Yoongi ကိုလိုချင်တာ။"
ဒီတော့မှ Yoongi တခုခုကို စဥ်းစားမိပြီး ။
"Jiminie မဟုတ်မှလွဲရော။"
"Yoongi...ah~~ ကျွန်တော်က Yoongi ဆိုတဲ့ ကျွန်တော်အပိုင် Alpha ကို ကျွန်တော်အနားမှာပဲ အမြဲထားချင်တယ်လို့ပြောတာ။"