Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
Seoul မြို့ရဲ့ သတင်းစားထိပ်ပိုင်း ခေါင်းစဥ်ကတော့ Park လုပ်ငန်းစုရဲ့ သူဌေး Park အားအိမ်တိုင်းရာရောက် ဖမ်းဆီသွားခြင်းဟူသည် နာမည်ကြီးသတင်းတစ်ခုသာ။
Jimin တစ်ယောက် Yoongi နဲ့အတူတူ Jeju ကပြန်ရောက်ရောက်ခြင်း ကြားလိုက်ရတဲ့ သတင်းကြောင့် သတိမမေ့ရုံတမယ်။ ယောင်းငယ်ကတော့ တငိုငိုနဲ့ အဖိုးပြန်လွှတ်အောင် လုပ်ပေးပါဆိုပြီး Jungkook ကိုငိုပြီးပြောနေလေရဲ့။
ကိုယ်ဟာအကြီးတယောက်ဖြစ်သလို၊ Park မျိုးနွယ်ရဲ့ အမွေဆက်ခံသူမဟုတ်လား။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမယ့်သူဟာ ကိုယ်တိုင်သာ။ တခြားသူတွေကို အားကိုးနေလို့တော့မဖြစ်တော့။ ဒါကြောင့်အခုချိန်မှာ သူငိုချင်သော်လည်း တောင့်ခံထားရမည်။
"မငိုနဲ့တော့ ယောင်းငယ်။ Jiminie အဖိုးပြန်လွှတ်လာဖို့ အစွမ်းကုန်ကြိုးစားပေးမယ်။"
"ကျွန်တော်ဖတ်ရသလောက်တော့ အဖိုးParkကို ဆေးအမှူနဲ့ဆွဲထားတာဆိုတော့ ထင်သလောက်မလွယ်ဘူး။ Jimin Hyung"
"အကုန်လုံးစိတ်မပူကြနဲ့။ အားလုံးထဲမှာ ကိုယ်ကအကြီးဆုံး။ ကိုယ်အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်။ ဒါကြောင့်စိတ်မညစ်ကြနဲ့တော့။ အရာအားလုံးအဆင်ပြေသွားမှာ။ အဖိုးပြန်လွတ်လာဖို့။ မင်းတို့အားလုံးသန်မာနေဖို့လိုတယ်။"
Yoongi လည်းကြားကနေ ၀င်ပြောကာ Jimin အားပွေ့ဖတ်ပြီး နှစ်သိမ့်ပေးလေ၏။ ရင်ခွင်ထဲက Jiminကတော့ ဘယ်လောက်တောင် စိတ်ပင်ပန်းနေလဲ မသိ။ မျက်နှာလေးညှိုးနွမ်းနေရှာသည်။
အဖိုးParkအား စွဲထားသည့်အမှူဟာ ဆေးဘက်ဆိုင်ရာနှင့်မို့ ဖြေရှင်းဖို့ရန်မလွယ်ကူပေ။ တရားဥပဒေတိုင်းသာဆိုရင် အဖိုးလွတ်လာဖို့ မကျိန်းသေ။ တရားမ၀င်တဲ့ နည်းလမ်းကနေ ဒီအမှုအားဖြေရှင်းရန် အချက်အလက်တွေရလာရင်တော့ အဖိုးလွတ်နိုင်ဖို့ ကျိန်းသေသလောက်ရှိသည်။
ဒါဆိုရင်တော့ အချက်အလက်တွေရဖို့ စုံးစမ်းဖို့လိုလေပြီ။
Yoongi နဲ့ Jungkook အိမ်တန်းပြန်လာကာ အဖိုးPark ကိုကူညီရန် နှစ်ယောက်သား တိုင်ပင်ကြလေရဲ့။ သူတို့နှစ်ယောက်ပေါင်းရင် တစ်ခုခုတော့ သေချာပေါက် သိရမယ်ဟုယုံကြည်ထားကြသည်။ ဒီကိစ္စကလည်း သွေးရိုးသားရိုးမှမဟုတ်တာ။
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)