☠️ Part 14 ☠️

14.4K 1.5K 299
                                    

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

မနက်စောစောစီးစီး လက်ထဲကထွက်ပေါ်လာတဲ့ မီးတောက်ကြောင့် Jimin စိတ်ပျက်စွာ ညည်းညူလိုက်သည်။ မီးတောက်ဟာ ဒီနေ့ကျမှပိုပြီး အရောင်တောက်လာသလို။ မိုးလင်းလာရင် အချက်ပေးနေသည့်အနေဖြင့် ထထပြီးထွက်ပေါ်လာတက်တာမို့ အိပ်ရေးပျက်ခဲ့ပေါင်းမနည်း။

"မင်းကြောင့် အိပ်ရေးပျက်ရက်များပြီ။"

သူ့စကားအား မီးတောက်ဘေးဟာ နားလည်သည့်သဘောဖြင့် လက်ပေါ်တွင် လှုပ်ခတ်သွားလေရဲ့။ Jiminလည်း မီးတောက်ကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်သည်။ မသိရင်သူကပဲ ကိုယ့်စကားနားလည်သလိုလို။

"ဟင် ဒီနေ့ငါ့မွေးနေ့ပဲ။"

ဒါကြောင့် အိပ်ယာကထကာ မျက်နှာသစ်ရေချိုးခြင်းစတင်လိုက်တော့သည်။ ဒီနေ့ဟာ Jiminရဲ့မွေးနေ့မို့ Yoongi တ်ို့နဲ့တွေ့ရန် ချိန်းထားလေရဲ့။ ဒါအပြင် သူ၏ Alpha ကြီးက သူ့အားဘာလက်ဆောင်ပေးမလဲ တွေးရင်းရင်ခုန်ရသည်မှာအမော။

ရေချိုးပြီး အ၀တ်စားလဲကာ Yoongi ဆီဖုန်ဆက်လိုက်တော့ တတော်ကြာသည်အထိကို မကိုင်ခဲ့။ အခါတိုင်းဆို ဖုန်း၀င်တာနဲ့ တန်းကိုင်တက်သည့် Yoongiဟာ ဒီနေ့မှ ဘာလို့မကိုင်ရသလဲ သူတွေးရင်းအလိုမကျတော့။ သို့သော် အဆက်မပြတ်ခေါ်နေရင်းမှ ခဏကြာတော့ တဖတ်က အိပ်ချင်းမူတူးအသံဖြင့် Hello လုပ်လာသည်။

"Yoongi~~ ဘာလုပ်နေတာလဲ။"

"အိပ်နေတာလေ။"

"ဟာဗျာ။ ဒီနေ့ကျွန်တော်မွေးနေ့လေ။ ခုထတော့။"

"အိပ်ရေးမ၀သေးဘူးကွာ။ ဒါပဲ။"

"Yoongi!!"

တီ တီ တီ....

ချသွားတဲ့ဖုန်းကြောင့် Jiminမှာကြောင်အန့်အန့်လေး။ ဖုန်းလေးအားကိုင်ထားရင်း အလိုလို၀မ်းနည်းလာသည်။ ညကတည်းက မွေးနေ့ဆုတောင်းတောင် လှမ်းမပြောသည့်အပြင် အခုလည်းအိပ်ချင်တယ်ဆိုပြီး ဖုန်းချသွားပြန်သည့် သူ့Alphaဟာ ဘာတွေများ ပြောင်းလဲသွားရသလဲ။

အမြဲတမ်းကိုယ်နဲ့ပတ်သတ်လာရင် အလေးအနက်ထားနေကြ Yoongi ဟာ အခုတော့ သူမဟုတ်သလိုပင်။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Donde viven las historias. Descúbrelo ahora