☠️ Part 7 ☠️

20.6K 1.9K 283
                                        

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

ဒီနေ့မနက် Wolf အားလုံးအတွက် သတင်းကောင်းတခုကတော့ Jeon မျိုးနွယ်စုရဲ့ အမွေးဆက်ခံသူ Jeon Jungkook ရဲ့ နန်းတက်ပွဲနေ့ဖြစ်သည်။ ဘယ်ခေတ်ပဲရောက်ရောက် Wolf မျိုးနွယ်စုတွင် Wolf တစ်ယောက် တက်ထားသည့် ပညာရပ်တွေစုံတာနှင့် နန်းတက်ပွဲ ကျင်းပလေ့ရှိလေ၏။

ထိုပွဲတွင် နန်းတက်ရသည့် Wolf ဘုရင်အား သရဖူးတစ်ခုနှင့်အတူ Diamond ပေးလေ့ရှိသည်။ မျိုးနွယ်စုအလိုက် အရောင်နှင့်စွမ်းအား သတ်မှတ်ထားတဲ့ Diamond ဟာ မျိုးနွယ်စုတစ်စုရဲ့ ဘုရင်ဖြစ်သူသာ ပိုင်ဆိုင်ရလေ၏။

"Jungkook မင်းတောင် မင်းမျိုးနွယ်စုရဲ့ ဘုရင်ဖြစ်တော့မှာပဲ။"

"ဟုတ်ကဲ့ အဖိုး။"

ခန်းမထဲလူတွေစုံနေတာမို့ ဘယ်ခေတ်ပဲရောက်ရောက် ရိုးရာဓလေ့အရတော့ ပွဲတော်ကျင်းပပေးရသည်။ ဒါကြောင့် Wolf မျိုးနွယ်စုအားလုံးကို ဖိတ်ကာ Jungkookအား ဘုရင်တင်မြှောက်ပေးပြီး Diamond အားလက်ဆင့်ကမ်းပေးလေ၏။

"ငါ့မြေးကတော့ တစ်ဆင့်ပြီးသွားပြီ။ နောက်တစ်ဆင့်ပဲကျန်တော့တယ်။"

အဖိုးစကားကို တစ်ယောက်မှနားမလည်။ Taehyung တို့မြေးဖိုးနှစ်ယောက်လည်းရောက်နေတာမို့ စကား၀ိုင်းကျနေရဲ့။

"အဖိုးပြောတဲ့ နောက်တစ်ဆင့်ကဘာများလဲ။"

Jungkook နားမလည်စွာပြန်မေးတော့ အဖိုးလုပ်သူနှစ်ယောက်က သဘောတကျရယ်လေရဲ့။ Jungkook နှင့် Taehyung ကတော့ ကြောင်တောင်တောင်လေးပင်။

"အခုဆို အဖိုးမြေးက Wolf တစ်ယောက်ဖြစ်ပြီးပြီဆိုတော့ Mate ဘက် Omega တယောက်တော့ လိုနေပြီမဟုတ်လား။"

"အာ...အဖိုးကလည်းအေးဆေးပေါ့။"

"ဘာလဲ။ ကောင်မလေးချောချောလေးရှာနေတာလား။"

အဖိုးစကားကြောင့် အနည်းငယ်ပျက်ယွင်းသွားတဲ့ Taehyung မျက်နှာကို Jungkook မြင်ဖြစ်အောင် မြင်လိုက်ပါရဲ့။ ဟိုတခါလူကို သ၀န်တိုအောင်လုပ်ထားတဲ့ ကိစ္စခေါင်းထဲ ပေါ်လာတာမို့ Jungkook မျက်နှာထက် ခပ်ထေးထေးပြုံးကာ စကားဆက်လေရဲ့။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now