☠️ Part 16 ☠️

16.2K 1.5K 200
                                        

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

ရင်ခွင်ထဲက အနှီးထုတ်လေးကို ကြည့်ပြီးပြုံးနေမိသည်မှာ ဘယ်နှကြိမ်းရှိပြီလဲတောင်မသိ။ အနှီးထုတ်လေးကတော့ အိပ်မောကျနေလိုက်တာ ပါးကလေးတွေကိုဖောင်းလို့။ အသာလေးကိုင်ကြည့်တော့ အင်းအဲနဲ့ ရင်ခွင်ထဲအတင်း၀င်လာပြန်တဲ့ ကျွန်တော်ကလေးလေး။

Yoongi လည်းရင်ခွင်ထဲက Jiminကိုအသာလေးချပေးကာ ဆောင်ခြုံပေးပြီး မျက်နှာသစ် ရေချိုးခြင်းစတော့သည်။ တညလုံးတကိုယ်လုံးပေပွထားသည်မို့ ရေချိုးချလိုက်တော့မှ လန်းဆန်းသွားတော့သည်။ ရေချိုးပြီး Bathrobe ၀တ်ပြီးရေချိုးခန်းထဲကထွက်လာတော့ အနှီးထုတ်လေးက နိုးတောင်နေပြီ။

"ကိုယ့်ကလေး။ နိုးပြီလား။"

"အဟင့်...အီးဟီး။"

ရုတ်တရက်ဆိုသလို ထငိုတဲ့ Jimin ကြောင့် Yoongi မှာ ပြာပြာသလဲ Jimin အနားပြေးကာ ပွေ့ချီရတော့သည်။ ဒီတော့မှ ပေါင်ပေါ်ခွရက်လေးပါလာကာ တအီအီငိုနေပြန်လေရဲ့။

"ကိုယ့်ကလေး။ ဘာဖြစ်လို့လဲ။ ကိုယ့်ကိုယ်ပြော။ ဘာလို့ငိုနေတာလဲ ကိုယ့်ကလေးရယ်။"

"အဟင့်...နာလို့။"

အခုမှသူ့ကလေးဘာဖြစ်လဲဆိုတာ Yoongi သိတော့သည်။ ဟုတ်ပါတယ်လေ။ တညလုံးစိတ်ကြိုက်သောင်းကျန်းထားတာမို့ ကလေးငယ်ကိုပြန်ပြီး အားနာမိသည်။ နှစ်ယောက်သား စိတ်ဆန္ဒကြောင့် ဆိုပေမယ့် ကိုယ့်ဘက်ကပိုပြီး အလေးသာခဲ့သလို။ နာကျင်သူကလည်း ကလေးငယ်သာဖြစ်ခဲ့သည်မဟုတ်လား။

"အရမ်းနာနေလားဟင်။ ကိုယ်ဘာလုပ်ပေးရမလဲကလေး။"

"အဟင့်...လမ်းမလျှောက်နိုင်ဘူး။ ရေချိုးချင်တယ်။"

"မငိုနဲ့တော့။ ကိုယ်ကိုယ်တိုင်းရေချိုးပေးမယ်။ ဟုတ်ပြီလား။"

"အဟင့်...ဟင့်အင်း။"

"ကိုယ်တို့ကရှက်စရာလူတွေမှ မဟုတ်တာ။ လိမ်မာပါတယ်။ လာကိုယ်ချီမယ်။"

"ဟုတ်..."

Yoongi လည်း Jimin ကိုပွေ့ချီကာ မျက်နှာသစ် ရေချိုးခြင်းစသဖြင့် အကုန်လုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးလေသည်။ Jimin ကတော့ ကလေးသဖွယ် Yoongi လုပ်သေမျှ မထွန့်မတက်ပဲ ငြိမ်ငြိမ်လေးနေပေးတာမို့ Yoongi မှာ အချစ်ပိုရပြန်လေ၏။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Место, где живут истории. Откройте их для себя