☠️ Part 10 ☠️

17.5K 1.7K 206
                                        

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

Jimin စိတ်ညစ်ညစ်ဖြင့် Bar တခုမှာသောက်ဖြစ်နေသည်။ အိမ်လည်းမပြန်ချင်သလို။ Yoongi နဲ့လည်းမတွေ့ချင်ပြန်။ ယောင်းငယ်ကတော့ ဘာမှမပြောပဲ အသာတကြည် လွှတ်ပေးထားတယ်ဆိုလို့၊ ကိုယ့်ခံစားချက်ကို ရိပ်မိနေပုံထောက်၏။ ဒီအချိန်မှာ ယောင်းငယ်ကိစ္စလည်း စိတ်မ၀င်စားအား။ ကိုယ့်အကြောင်းနှင့်ကိုယ်သာ စိတ်ရှုပ်နေမိလေရဲ့။

ဟိုတခေါက်ပြသနာဖြစ်တုန်းထဲက Jimin အနားကိုဘယ်သူမှမကပ်ရဲပေ။ ယောင်းငယ်မပါတာတောင် ဘယ်သူမှ မျက်လုံးနဲ့တောင်‌ေ၀့မကြည့်ရဲ။ ဒါကြောင့် Jimin အေးအေးဆေးဆေး သောက်ဖြစ်တော့သည်။

Jimin လည်းသောက်ပြီးတာနှင့် ကားသော့ဆွဲကာ Bar ထဲကနေ ထွက်လာလိုက်တော့သည်။ အနည်းငယ်မူးနေတမို့ အိမ်ကိုပဲ ပြန်လာလိုက်လေ၏။ အိမ်ရောက်တော့ အဖိုးတို့ မအိပ်သေးဘူးထင်ပါရဲ့။ ခြံ၀န်းထဲ မီးများလင်းထိန်နေလေရဲ့။

ကားကိုခြံထဲထိ မောင်း၀င်လာလိုက်ပြီး ကားပေါ်ကဆင်းကာ အိမ်ထဲ၀င်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ Yoongi ။ ဘေးမှာလည်း အဖိုးနဲ့အတူ ယောင်းငယ်နှင့် Jungkookလဲလည်းရှိနေလေ၏။

ဘာကိစ္စအဲ့ဒီလောက် လူစုံနေရတာလဲ။

"မြေးလေး ပြန်လာပြီလား။"

"ဟုတ်ကဲ့။ အဖိုး။"

"ဒီမှာလာထိုင်ပါဦး။"

"ကျွန်တော်နားချင်ပြီ။"

ပြောပြီးချက်ချင်း အပေါ်ကိုတက်သွားတဲ့ Jimin ။ ဧည့်ခန်းထဲက လူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းကိုယ်စီသာချကြလေရဲ့။

"Yoongi ဒီမှာပဲထိုင်နေမှာလား။ လိုက်သွားလေ။"

ယောင်းငယ်ပြောတော့ Yoongiလည်းကြောင်အန့်အန့်လေး။ အဖိုးလုပ်သူကိုကြည့်လိုက်တော့ လိုက်သွားဆိုသည့်ဟန်ဖြင့် မေးငေါ့ပြတာမို့ Yoongi လည်း Jimin အနောက်လိုက်သွားလေတော့သည်။

အပေါ်ထပ်ရောက်တော့ Jimin တစ်ယောက် လသာဆောင်ကဒန်းမှာထိုင်နေရဲ့။ Yoongi လည်းအနားကိုသွားလိုက်တော့ သူ့လည်းမြင်ရော အကြည့်လွှဲသွားတဲ့ Omega စုတ်လေး။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Donde viven las historias. Descúbrelo ahora