☠️ Part 19 ☠️

14.1K 1.4K 230
                                    

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

ရုံခန်းထဲရှယ်ယာရှင်တွေရဲ့ တစ်ယောက်တစ်ပေါက်ပြောသံတွေကို Mr.Park ခေါင်းငုံ့ခံကာ နားထောင်ပေးနေရသည်။ အခုဆို အမှုကိစ္စကြောင့် ကုမ္ပဏီရဲ့စျေးကွက်ဟာ သိသိသာသာထိုးကျသွားသလို၊ တချို့ရှယ်ယာရှင်တွေဟာလည်း ရှယ်ယာငွေတွေပြန်ထုတ်သွားလေပြီ။

"Mr.Park ဒီလိုပဲငြိမ်နေတော့မှာလား။ ဒီကိစ္စက လုပ်ကြံမှု တစ်ခုဆိုလည်း လုပ်ကြံတဲ့သူကိုဖော်ထုတ်လေ။"

"ကျွန်တော်လည်း အတက်နိုင်ဆုံးဖော်ထုတ်နေပါတယ်။ ကြားထဲမှာ အမှုကလည်းတဖက်ဆိုတော့ လူကြီးမင်းတို့အနေနဲ့ ကျွန်တော်ကိုနားလည်းပေးစေချင်တယ်။"

"ကျွန်တော်ကတော့ သည်းမခံနိုင်တော့ဘူး။ Mr.Park ကိုယုံလို ရှယ်ယာ၀င်ခဲ့တာ။ အခုစျေးကွက်ကထိုးကျနေတော့ ထည့်ထားတဲ့ရှယ်ယာတွေအကုန်အရှုံးပေါ်ကုန်ပြီ။"

"လူကြီးမင်းစကားကိုဆင်ခြင်ပြောပါ။ အခုဖြစ်နေတဲ့ကိစ္စက Company တစ်ခုလုံးနဲ့ဆိုင်တာဖြစ်သလို။ ကျွန်တော်ကလည်း လိမ်ညာနေတဲ့သူမဟုတ်ဘူး။ အကုန်လုံးကို အဆင်ပြေအောင်လုပ်ပေးမှာမို့ အချိန်ခဏလေးပဲစောင့်ပေးပါ။"

"စောင့်ခဲ့တာနှစ်ပတ်ကျော်နေပြီ။ ထပ်မစောင့်နိုင်တော့ဘူး။"

"ဒါဆ်ိုလည်းရှယ်ယာငွေတွေပြန်ထုတ်သွားလိုက်တော့။"

အနောက်ကထွက်လာတဲ့ အသံကြောင့်
Meeting အခန်းထဲကရှိတဲ့သူတွေအကုန်လုံး လှည့်ကြည့်လိုက်တော့ အသက်ခပ်ငယ်ငယ်ကောင်လေး နှစ်ယောက်၀င်လာသည်ကို တွေ့ရလေ၏။

"Jimin...Yoongi"

"အဖိုးနားလိုက်တော့။ ကျွန်တော်ဒီ Meeting ကိုတာ၀န်ယူလိုက်မယ်။"

အဖိုးလုပ်သူလည်း အချေအတင် စကားပြောပြီးတာမို့ ဆက်လည်းမပြောချင်တော့။ ဒါကြောင့်မို့ Meeting အား Jimin နှင့်ထားခဲ့ပြီး အခန်းထဲက ထွက်သွားလေရဲ့။ Jimin လည်းအဖိုးလုပ်သူ ခုံမှာ၀င်ထိုင်ပြီး Yoongi ကတော့ သူ့ဘေးမှာ ၀င်ထိုင်လေသည်။

"အားလုံးပဲ။ ကျွန်တော်က Park အိမ်တော်ရဲ့ အမွေဆက်ဆံသူ သူဌေးPark ရဲ့မြေးပဲ။ ဒါကြောင့်မို့ အခု Meetingကို ကျွန်တော်နဲ့ပဲဆွေးနွေးကြတာပေါ့။"

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Tahanan ng mga kuwento. Tumuklas ngayon