Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
နှာခေါင်းထဲတိုး၀င်လာတဲ့ ခပ်ပြင်းပြင်းဆေးအနံ့ကြောင့် မျက်လုံးတွေအားယူပြီးဖွင့်ကြည့်လိုက်တော့ သူအခုရောက်နေတာ ဆေးရုံမှာပဲ။ ဘာတွေဖြစ်ခဲ့လဲ သူမမှတ်မိတော့။ သူယောင်းငယ်ကို သွားကယ်ခဲ့တယ်။ ပြီးတော့ Wolf တွေနဲ့တိုက်ခိုက်ခဲ့တယ်။
အဲ့နောက်ပိုင်း ဘာဆက်ဖြစ်လဲ သူမမှတ်မိတော့ပေ။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူ့လက်ကို ကိုင်ပြီး အိပ်ပျော်နေတဲ့ ချစ်ရသူကြောင့် သူအလိုလိုပြုံးမိသည်။ အိပ်ပျော်နေတဲ့ ချစ်ရသူရဲ့မျက်နှာဖွေးဖွေးလေးအား အသာလေးတို့ထိလိုက်တော့ သတိသူပြီပြီ ချက်ချင်းနိုးလာသည့်သူ့၏အယ်ဖာ။
"ဟင်။ ဟန်နီ။ သတိရပြီလား။"
"ဒါလင်။ အခုဘာတွေဖြစ်သွားပြီလဲဟင်။"
"အကုန်အဆင်ပြေသွားပြီ။ ယောင်းငယ်ကိုလည်း ကယ်နိုင်ခဲ့ပြီ။ Jungkookလည်း အန္တာရယ်ကင်းတယ်။ Bim လည်းကျဆုံးသွားပြီ။ အရာအားလုံးအဆင်ပြေသွားပြီဟန်နီ။"
"ဒါလင်ရော ဘာဖြစ်သွားသေးလဲဟင်။"
"ကိုယ်ကအေးဆေးပါ။ ကိုယ်ကဘာမှမဖြစ်ဘူး။ ဟန်နီသာကိုယ့်ကိုယ်ကိုဂရုစိုက်နော်။ အခုဘယ်လိုနေသေးလဲ။ သက်သာရဲ့လား။"
"ဟန်နီသက်သာတာမို့ စိတ်မပူပါနဲ့တော့။"
သူ့စကားကို သူ့အယ်ဖာကမျက်မှောင်ကြုတ်ကာ။
"မပူလို့ရမလား။ ဒီတစ်ယောက်လေးရှိတာကို။"
ပြောလည်းပြော ဆေးရုံကမွေ့ယာထက် လှဲနေသည့် Jimin အား အသာလေးပွေ့ချီလိုက်သည့် Yoongi ။ ပြီးသည်နှင့် သူကတော့ မွေ့ယာထက်ထိုင်ကာ Jimin ကိုတော့ သူ့ပေါင်ပေါ်၌ ခွရက်လေး ထိုင်ခိုင်းလေ၏။
"ဘယ်လိုဖြစ်နေတာလဲ။ တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ။"
"တံခါးလော့ခ်ချထားတယ်။"
"ဒါပေမဲ့-"
"အသံလည်းလုံတယ်။"
"ဟင်...မဟုတ်မှလွဲရော... Alpha ကောင်ကြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"
![⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]](https://img.wattpad.com/cover/251601450-64-k112685.jpg)