☠️ Part 22 ☠️

12.9K 1.3K 294
                                    

Unicode ✅

⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎

အစည်းအဝေးအခန်းထဲရှိ လူကြီးမင်းတွေရဲ့ တစ်ယောက်တစ်ပေါက် အသံတွေဟာ မကြားချင်လို့လည်းမရ။ အဖိုးအဖမ်းခံလိုက်ရကတည်းက ကုမ္ပဏီက ရှယ်ယာရှင်တွေဟာ တနေ့ထက်တနေ့ ပိုပိုပြီးဆိုးလာကြလေ၏။

ရှယ်ယာစျေးကွက်ကလည်း သိသိသာသာကြီး ထိုးကျနေတာမို့ အခုချိန်မှာ ကိုယ်တွေဘက်က လုပ်နိုင်တာ အချက်အလက်တွေ မြန်မြန်ရှာနိုင်ဖို့တစ်ခုသာ အားကိုးရမည်။ ရှာမတွေ့ခင်အချိန်ထိတော့ ရှယ်ယာရှင်တွေ အပြောအဆိုကို အစည်းအဝေးလုပ်တိုင်းခံရပေးဦးမည်။

"ကျွန်တော်တို့ဘက်က အချက်အလက်တွေ အမြန်ဆုံး ဖော်ထုတ်နေတာမို့လို့ အချိန်နည်းနည်းပဲထပ်စောင့်ပေးပါ။"

"ကျွန်တော်တို့ကတော့ ဥက္ကဋ္ဌကြီးနေရာမှာ Ms.Zu ကိုပဲလွှဲအပ်ပေးချင်တယ်။ စျေးကွက်ပြန်လည် လည်ပတ်ဖို့ဆိုတာ ဥက္ကဋ္ဌတယောက်ရှိမှဖြစ်မှာလေ။"

"ကျွန်တော်အဖိုးရဲ့ ဥက္ကဋ္ဌ ရာထူးကို ကျွန်တော်လွှဲပြောင်းယူထားတယ်ဆိုတာ လူကြီးမင်းတို့ သိတယ်မဟုတ်လား။ ဒါနဲ့များ ဘာလို့  ဥက္ကဋ္ဌအသစ် ခန့်ချင်နေရတာလဲ။"

သူဒီမေးခွန်းကို မေးသင့်တယ်မဟုတ်လား။ သူတစ်ယောက်လုံး ဥက္ကဋ္ဌရာထူးလွှဲပြောင်းယူထားတာတောင် ဥက္ကဋ္ဌအသစ်ခန့်ချင်သည်မှာ သူနှင့်သူ့အဖိုးအား မလေးစားရာကျလွန်းလေသည်မဟုတ်လား။

"မင်းအသက်မင်းအရွယ်နဲ့ ဒီတာ၀န်တွေကိုယူနိုင်မယ် မင်းထင်နေတာလား။ မင်းထက်ဆိုင်ရင် Ms.Zuကအများကြီးတော်ပြီး စျေးကွက်ပိုင်းကိုကျွမ်းကျင်တယ်။ ဒီတော့ Ms.Zu ကိုအမြန်ဆုံး ဥက္ကဋ္ဌနေရာလွှဲပေးလိုက်ပါ။"

Ms.Zu အကြောင်းကို အဖိုးပြောပြလို့ သိထားပြီးသား။ အသက်က ကျွန်တော်တို့ထက် ကြီးပေမယ့် သူလည်းလူငယ်အရွယ်သာ။ အကိုလုပ်သူရဲ့ ကုမ္ပဏီကို လက်လွှဲယူပြီး အုပ်ချင်နေပေမယ့် အတော်လေးတော်ပြီး ထက်မြတ်တဲ့ မိန်းကလေးဆိုတာလည်း သူကောင်းကောင်းကြီးသိသည်။

သို့သော် ဘယ်လောက်ပဲတော်ပြီးထက်မြက်နေပါစေ။ ဒီ ကုမ္ပဏီကြီးဟာ အဖိုးကိုယ်တိုင် ကြိုးပမ်းပြီး တည်ထောင်ခဲ့တာမို့ အဖိုးနေရာအား တခြားတစ်‌ေယာက်ကို မပေးရက်နိုင်တာ သူ၏အလွန်မဟုတ်ပေ။

⛓️ 𝗧𝗵𝗲 𝗢𝗺𝗲𝗴𝗮'𝘀 𝗦𝗮𝘃𝗶𝗼𝗿 ⛓️ [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Donde viven las historias. Descúbrelo ahora