Unicode ✅
⚠︎ 𝚃𝚑𝚎 𝙾𝚖𝚎𝚐𝚊'𝚜 𝚂𝚊𝚟𝚒𝚘𝚛 ⚠︎
Babe နဲ့မတွေ့ရသည်မှာ သုံးရက်ပင်ရှိပြီ။ အတန်းလည်းလာမတက်သလို။ Jimin ကိုမေးတော့လည်း အိမ်လည်းပြန်မအိပ်ဖူးတဲ့လေ။ ကျွန်တော်ဘက်ကစပြီး ဆက်သွယ်ဖို့ကျတော့လည်း မာနကတားနေပြန်သည်။
ဖြစ်ပျက်ခဲ့သမျှကိစ္စမှာ ဘယ်သူမှားလဲ။ ဘယ်သူမှန်လဲ။ ကျွန်တော်မသိချင်တော့။ လက်ရှိမှာ Babe ကိုသိပ်လွမ်းတာမို့ နေရထိုင်ရသည်မှာ ဘယ်လိုမှအဆင်မပြေ။ ဒီနေ့လည်း Babe အလာကိုစောင့်နေရအုံးမယ်ထင်ပါရဲ့။
Jungkook အခန်းထဲကို ၀င်ခါနီး Taehyung များကျောင်းလာမလား ဆိုသည့်အတွေးနှင့် ထိုင်နေကြခုံလေးကိုကြည့်သော်လည်း ခုံလေးဟာ နေရာလွတ်စမြဲ။ ဒါကြောင့် သက်ပြင်းချကာ ထိုင်နေကြခုံမှာ၀င်ထိုင်လိုက်သည်။
"ဘယ်တွေရောက်နေတာလဲ Babeရယ်..."
မတွေ့ရတဲ့ရက်တွေမှာ ဘယ်လောက်တောင် လွမ်းနေလည်း မင်းသိဖို့ကောင်းတယ်ဘေဘီ။ လုပ်ချင်ရာလုပ်ပြီး ရှောင်ပြေးနေတာကို ကိုယ်သိပ်မုန်းတာပဲ။ ဘာလို့များကိုယ့်ကို ပြစ်ထားရက်နိုင်တာလဲ။ ကိုယ့်ဘက်ကမဆက်သွယ်တာနဲ့ပဲ မင်းဘက်ဆက်သွယ်ဖို့ မကြိုးစားတော့ဘူးလားဘေဘီ။ ဘာလို့များအဲ့ဒီလောက်ထိနေနိုင်ရတာလဲ။
Jungkook ခုံမှာထိုင်နေရင်း ဖတ်လက်စ စာအုပ်လေးအား ထုတ်ဖတ်ရင်း Taehyung အလာကိုစောင့်နေလိုက်သည်။ စာအုပ်ဖတ်နေတာတောင် ဆွဲဆောင်မှုရှိတဲ့ Jungkook အား အခန်းထဲကောင်မလေးတွေ ခိုးခိုးကြည့်ရသည်မှာအမောပင်။
Taehyung မရှိတဲ့ရက်တွေမှာ Jungkook နဲ့ Taehyung ပြတ်ဆဲသွားပြီဆိုသည့် သတင်းတွေဟာ တစ်ကျောင်းလုံးပြန့်လို့နေသည်။ မိန်းကလေးတွေဟာလည်း သူတို့အတွက်အခွင့်ရေးတစ်ခုရလိုက်သလို ပျော်နေသည်မှာမြင်မကောင်းအောင်ပေ။
"နင်ငါ့ကိုကူညီ။"
"ဘာလဲ။ နင်ဘာလုပ်မို့လဲ။"
"ငါ Jungkook Oppa ဘေးရပ်နေတဲ့အချိန် အနောက်ကနေ တွန်းလိုက်ဟာ။ အဲ့ဒီအခါကျရင် Oppa ရင်ခွင်ထဲရောက်ပြီလေ။ ဟီးဟီး။"
"ဖြစ်ပါ့မလား။ Taehyung သိရင်မလွယ်ဘူးနော်။"
"သူတို့ပြတ်သွားပြိီပဲ။ ဘာအရေးလဲ။"