Part 19

981 112 14
                                    

တစ်ချို့ကကြယ်တွေကြွေရင်
ဆုတောင်းတတ်ကြတယ်

တစ်ချို့ကျတော့သစ်ရွက်လေးတွေကြွေရင်
အဲဒီသစ်ရွက်လေးတွေကိုအမိဖမ်းပြီး
ဆုတောင်းတတ်ကြတယ်

ခင်ဗျားသိလား Minari
အဲဒီလို ဆုတောင်းတာမျိုးတွေ
မလုပ်တတ်ပေမယ့်
ခင်ဗျားပျော်ရွှင်ဖို့ အမြဲတမ်းမျှော်လင့်ခဲ့ဖူးတယ်

====

Chaeyoung's POV

လမ်းရဲ့တစ်ဖက်မှာ သူမကိုတွေ့ရတော့
Chae မယုံနိုင်စွာပဲ သူမရှိရာဆီကိုငေးမိသည်

မျှော်လင့်နေတဲ့သူကို
မမျှော်လင့်ပဲတွေ့လိုက်ရတာကြောင့်
မှင်သက်နေမိခြင်းပင်

သူမလဲထပ်တူဖြစ်မည်ထင်၏

လူကူးအချက်ပြမီးကအစိမ်းရောင်ပြောင်းသွားသည့်တိုင်
သူမလှုပ်ရှားမှုမရှိတာကိုတွေ့ရတော့
ဒီအခြေအနေကို
Chae ထက်ပိုပြီး မှင်သက်နေတာလဲဖြစ်နိုင်သည်

သူမရှိရာဆီ ခြေလှမ်းတွေကိုစတင်လိုက်ချိန်
ပတ်ဝန်းကျင်မှအရာအားလုံးက ဝေဝါးသွားပြီး
သူမတစ်ယောက်သာ Chae မြင်ကွင်းထဲမှာရှိခဲ့သည်

သူမဆီဦးတည်တဲ့ခြေလှမ်းတစ်လှမ်းခြင်းဆီမှာ
စိတ်လှုပ်ရှားမှုတွေ မျှော်လင့်ခြင်းတွေရှိသည်

မြတ်နိုးရတဲ့သူမရှေ့မှာ ရပ်လိုက်ချိန်
အနီးကပ်မြင်ရတဲ့သူမရဲ့အလှတရားကိုခံစားခွင့်ရတော့ Chae ရင်တွေခုန်လာ၏

ပတ်ဝန်းကျင်ကိုမေ့ပြီး
ငေးကြည့်မိသွားလောက်အောင်
သူမက သိပ်လှသည်

အထူးသဖြင့်
မှဲ့ကလေးတွေနဲ့မွမ်းမံထားတဲ့ သူမရဲ့မျက်နှာလေးကို
Chae ပြောမပြတတ်လောက်အောင် မြတ်နိုး၏

====

Mina's POV

သူ့ရဲ့အတွေးတွေနဲ့ပြည့်နှက်နေတဲ့ Mina ဆီကို သူ
တစ်လှမ်းခြင်းလှမ်းလာသည့်တိုင် Mina မလှုပ်ရှားမိ

အိပ်မက်ထဲမှာသာ မြင်တွေ့နိုင်မယ်လို့ထင်ခဲ့ဖူးတဲ့
ဒီလိုမြင်ကွင်းမျိုးက Mina ဆီမှာတကယ်ရှိလာခဲ့ပြီ

Mina ရှေ့မှာ သူရဲ့ခြေအစုံကိုရပ်လိုက်တဲ့အချိန်အထိ
သူ့မျက်လုံးတွေဆီမှ အကြည့်မလွှဲနိုင်ခဲ့

Kind But Not SoftWhere stories live. Discover now