Part 10

934 100 6
                                    

Mina's POV

" အဲဒီလောက်ကြောက်တတ်နေရင်
တစ်ယောက်တည်းဘာလို့လာတာလဲ "

တဖြေးဖြေးနဲ့အသားကျစပြုလာပြီဖြစ်တဲ့
ထိုလေယူလေသိမ်းနဲ့မနူးညံ့တဲ့အသံအောက်မှာ
Mina ဘာကြောင့်မှန်းမသိ
လုံခြုံသွားသလိုခံစားလိုက်ရသည်

" Son Chaeyoung "

Mina ရဲ့တိုးလျှလျှရေရွတ်သံကိုလျစ်လျူရှုပြီး
သူက ထီးကို Mina ဖက်ပိုတိုး၍ဆောင်းပေးသည်

အနက်ရောင်ဂျာကင်ပေါ်မှာ
မိုးရေတွေစိုရွှဲသွားပြီဖြစ်ပေမယ့်
ဂရုစိုက်ဟန်မရှိတဲ့သူက Mina ကိုမကြည့်ခဲ့
သူ့ကားရပ်ထားရာဆီလမ်းမျှော်ကြည့်နေ၏

" မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်,, "

" Stalker မဟုတ်ပါဘူး စိတ်မပူပါနဲ့
Hyung ဖုန်းဆက်ပြောလို့ ခင်ဗျားကိုလိုက်ရှာရတာ "

ညင်သာမှုအပိုင်းအစတစ်ခုတောင်မပါတဲ့သူ့စကားတွေက Mina မေးခွန်းကိုအနိုင်ယူသွားပြန်သည်

မိုးပိုသည်းလာ၍ထင်၏
ရုတ်တရက်ဆိုသလိုပဲ ကားရှိရာဆီ သူကခြေလှမ်းစလှမ်းတော့ Mina လည်းသူ့ဘေးနားကနေအလိုက်တသိလှမ်းလျှောက်လိုက်သည်

ရင်ထဲမှာတော့ သိပ်မကျေနပ်ခဲ့

* ဘယ်သူက သူ့ကို stalker လို့ပြောလို့လဲ *

စိတ်ထဲမှပြောလိုက်ပေမယ့်
Mina သူ့နားကနေ ထပ်ချပ်မကွာလိုက်လာမိသည်

====

Third Person's POV

ခြံဝန်းကျယ်ကြီးနဲ့တစ်ထပ်အိမ်တစ်လုံးဆီရောက်တော့ Chae ကားကိုရပ်လိုက်သည်

စိုရွှဲနေတဲ့ Chaeyoung ကိုကြည့်ရင်း အဆင်ပြေလားမေးချင်ပေမယ့် Mina နှုတ်ဆိတ်ခြင်းနဲ့ပဲအဆုံးသတ်၏

ခပ်အေးအေး ခပ်တည်တည်သာနေတတ်တဲ့ Mina လည်း Chaeyoung နဲ့တွေ့မှ စိတ်လှုပ်ရှားပြီး စကားပြောဖို့မဝံ့မရဲတွေဖြစ်တတ်လာသည်

" ဟို,, "

Mina အသံကြောင့် seat belt ကိုဖြုတ်နေရင်းမှ Chaeyoung လှည့်ကြည့်သည်

" မင်း အဆင်ပြေရဲ့လား "

Chaeyoung ခေါင်းညိတ်ရုံသာညိတ်ပြပြီးဖြေရင်း
Mina ကို ထီးပေးကာ ကားထဲမှထွက်သွား၏

Kind But Not SoftWhere stories live. Discover now