Part 12

893 102 16
                                    

Third Person's POV

" Chaeyoung ah, ဒီမှာဘာလုပ်နေတာလဲ "

အနောက်မှရုတ်တရက်ထွက်လာတဲ့အသံကြောင့်
Chaeyoung အလန့်တကြားလှည့်ကြည့်လိုက်၏

လှပတဲ့မျက်နှာမှာ အပြုံးနုနုလေးဆင်မြန်းထားတဲ့ Sana ကိုတွေ့လိုက်ရတော့ ပို၍အံ့သြသွားသည်

" Sana ssi "

တီးတိုးခေါ်လိုက်ပြီးမှ အိမ်ထဲက Jeongyeon တို့တွေ့သွားမှာစိုးတာကြောင့် Sana လက်ကိုအသာလေးဆွဲ၍ အိမ်ရှေ့ခြံဝန်းထဲသို့လျှောက်ထွက်ခဲ့လိုက်သည်

>>>>

" Aigoo..
တို့ Mina တော့ အတော်ကြောက်နေခဲ့မှာပဲ "

Jeong ဖက်ထားတဲ့ Mina ကို Jihyo ကထပ်၍ဖက်လာတော့ Mina သဘောကျ၍ပြုံးလိုက်၏

တကယ်တော့ အိမ်ထဲမှာ Jeongyeon နဲ့ Mina တင်ရှိနေခဲ့တာမဟုတ်ပဲ Jihyo ရောရှိနေခဲ့တာဖြစ်သည်

Mina ကသူမရဲ့အိမ်မက်အကြောင်းနဲ့ သူမရဲ့ Trauma ပြန်နှိပ်စက်လာကြောင်းပြောပြတော့ ဖက်၍နှစ်သိမ့်ပေးကြခြင်းသာဖြစ်ပြီး Jihyo ကအနည်းငယ်နောက်ကျပြီးမှလာပြီးပွေ့ဖက်ပေးခဲ့တယ်ဆိုတာကို Chaeyoung တစ်ယောက်မသိလိုက်ခြင်းဖြစ်သည်

====

Chaeyoung's POV

အနောက်မှာကပ်ပါလာတဲ့ Sana ကနားမလည်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတာကြောင့် Chae အကျပ်ရိုက်သွား၏

" B.. Burger စားမလား "

" ဟင်? "

ရုတ်တရက်ကြီး အစားအစာအကြောင်း မေးလိုက်တာကြောင့် သူမမျက်လုံးလေးဝိုင်းစက်လာတဲ့အထိအံ့သြသွားတာကိုတွေ့ရသည်

Chae လဲဘာဆက်ပြောရမှန်းမသိပဲ
ခဏနှုတ်ဆိတ်နေမိ၏

ပြီးမှ

" Ah.. ဗိုက်ဆာနေမလားလို့ "

Chae ပုံစံက နောက်နေတဲ့ပုံလဲမပေါက်တော့
သူမလဲ အတည်ပြန်ပြောလေသည်

" သြော်.. အင်း ဗိုက်ဆာနေတယ်
မနက်စာမစားရသေးဘူးလေ "

တော်သေးတယ်လို့တွေးရင်း Chae အနားမှာရှိတဲ့ခုံတန်းလေးမှာထိုင်လိုက်သည်
လက်ထဲအထုပ်ကိုလှမ်းပေးလိုက်တော့ သူမလဲ Chae အနားမှာဝင်ထိုင်ပြီးမှ အထုပ်ကိုယူသည်

Kind But Not SoftWhere stories live. Discover now