Part 13

831 98 7
                                    

Mina's POV

တွေ့ဆုံတဲ့အချိန်ဆိုတာမကြာရှည်သေးပေမယ့်
သူနဲ့ပတ်သက်လာရင်
Mina မျှော်လင့်ချက်မထားတတ်တော့မှန်း
ကိုယ့်ကိုကိုယ်နားလည်နေပြီ

ဖက်ထားမိတဲ့လက်ကိုဖယ်ချချင်းခံရမလား

အေးစက်နေတဲ့စကားလုံးတွေနဲ့တုန့်ပြန်မလား
ဆိုတဲ့ခန့်မှန်းချက်တွေကို
သူက
နှုတ်ဆိတ်နေခြင်းဆိုတဲ့အရာနဲ့တုန့်ပြန်သည်

ဘယ်ကရတဲ့သတ္တိတွေရှိနေလဲ Mina မသိပေမယ့်
ဖက်ထားတဲ့လက်ကိုပြန်မလွှတ်မိပဲ မေးလိုက်၏

" ဘာလို့ ဘာမှပြန်မပြောတာလဲ

ဘာလဲ ပြန်လာပြီးရှာမိတာကို နောင်တရနေတာလား

မဟုတ်မှလွဲရော
တို့လုပ်ချင်တာလုပ်မယ်ပြောတာကိုအထင်လွဲနေတာ?

အ.. အထင်မလွဲနဲ့နော် တို့ဆိုလိုတာ,, Ah,, "

Mina စကားဆက်မရဖြစ်သွား၏

သူ့ခါးကိုဖက်ထားဆဲဖြစ်တဲ့ Mina
အဲဒီအနေအထားအတိုင်း သူ ကုန်းပိုးတာခံလိုက်ရသည်

ရုတ်တရက် သူ့ကျောပေါ်ရောက်သွားတဲ့ Mina
အံ့အားသင့်မှုကြောင့် ငြိမ်သက်သွား၏

" ခင်ဗျားကို စကားနည်းတယ်လို့ထင်တာ
မဟုတ်ဘူးပဲ "

" ဘာ "

" ခြေထောက်ခိုက်မိထားတယ်မဟုတ်လား
အမြန်သွားကြရအောင် "

* ဟင် *

ယခုအချိန်ထိကြားခွင့်မရခဲ့ဖူးတဲ့ သူ့ရဲ့နူးညံ့တဲ့အသံ

* ခြေထောက်ကိစ္စ ဘယ်လိုသိတာလဲ * ဆိုတဲ့မေးခွန်းမျိုးမေးဖို့သတိမရနိုင်လောက်တဲ့အထိ သူ့ရဲ့အသံအောက်မှာ Mina ခဏမှင်သက်နေမိသည်

တဆက်တည်းမှာပဲ သူကျောပြင်နွေးနွေးကြောင့်
Mina ရုတ်တရက်ကြီးရင်တွေခုန်လာမိတာကိုလည်း
ခံစားရသည်

>>>>

Mina စကားဆက်မပြောဖြစ်တော့

မညီညာတဲ့ရင်ခုန်သံဖွဖွကို သူရိပ်မိသွားမှာစိုးသည်

အဲဒါထက်ပိုတာကတော့

ဒီအခိုက်အတန့်လေးကို မြတ်နိုးမိသွား၍ဖြစ်သည်

Kind But Not SoftWhere stories live. Discover now