Part 22

744 86 6
                                    

ခင်ဗျားတော့သတိထားမိမှာ မဟုတ်ပေမယ့်
Son Chaeyoung ဆိုတာ ရိုးရှင်းတဲ့သူပါ Minari

ဆေးချယ်ထားတဲ့ ပုံရိပ်တစ်ခုကိုကြည့်ပြီး
ကျေနပ်တတ်သလို
Playlist ထဲက သီချင်းတစ်ပုဒ်ကြောင့်လည်း
စိတ်အပန်းပြေတတ်တယ်

အခုတော့

ခင်ဗျားရဲ့ရှက်ပြုံးကိုကြည့်ပြီး
ပျော်ရွှင်တတ်ခဲ့သလို
ခင်ဗျားဘေးနားမှာရှိနေရရုံနဲ့
ရင်ခုန်တတ်ခဲ့ပြီ Minari

====

Mina's POV

Mina ရဲ့ လူသိရှင်ကြားသဝန်တိုမှုကြောင့်
Son Chaeyoung နဲ့ Myoui Mina တွဲနေတယ်ဆိုတာ
သူငယ်ချင်းတွေအားလုံးတော့သိသွားခဲ့ပြီ

ရှက်တဲ့စိတ်ကြောင့် Canteen ကနေ အရင်ထွက်ခဲ့တော့
သူ နောက်ကနေလိုက်လာခဲ့သည်

ကျောင်းဝန်းထဲ လူအသွားအလာသိပ်မရှိတဲ့နေရာက
ခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်၏

" သဝန်တိုတာ
ချစ်စရာကောင်းသားပဲ "

ဘေးမှာလာထိုင်ရင်းပြောလိုက်တဲ့သူ့စကားကြောင့်
Mina မျက်နှာပူရှိန်းရှိန်းဖြစ်သွားသလိုခံစားရသည်

" ဘာ?? မဟုတ်ပါဘူး
ဘယ်မှာ သဝန်တိုလို့လဲ "

Mina ချေပမှုကို ဘာမှပြန်မပြောပဲ
သူက Mina ကို နူးညံ့စွာကြည့်နေပြန်သေးသည်

ဘယ်လောက်မသိချင်ယောင်ဆောင်ဖို့ကြိုးစားလဲ
သူ့အကြည့်တွေကို Mina ရှောင်လို့မရ

" Yah.. ဒီလောက်ပဲ ကြည့်ပါ "

ခပ်တိုးတိုး ပြောလိုက်တော့
သူက ခပ်ဖျော့ဖျော့လေးပြုံးလိုက်ပေမယ့်
အကြည့်တွေကတော့လွှဲမသွားခဲ့

" ငါတော့ ရူးသွားပြီထင်တယ် "

အဆက်အစပ်မရှိပြောလိုက်တဲ့ သူ့စကားကြောင့်
Mina သူ့ကို နားမလည်သလိုကြည့်လိုက်မိသည်

" ဟင် "

" ခင်ဗျားဘာပြောပြော
နားထောင်လို့ကောင်းနေတယ် "

ပြောပြီးမှအခက်တွေ့သလိုလုပ်နေတဲ့
သူ့မျက်နှာကိုကြည့်ပြီး
Mina မပြုံးပဲမနေနိုင်ခဲ့

Kind But Not SoftWhere stories live. Discover now